"လေးလေး ကျွန်တော်ဆေးရုံဆင်းချင်နေပြီ"ဒဏ်ရာအခြေအနေလာကြည့်တဲ့လေးလေးကို သျှန်ခတစ်ယောက် မီးပူတိုက်နေပါသည်။ ရွိုင်တို့သူငယ်ချင်းတစ်ဖွဲ့ကတော့ မနိုင်ဘူးပုံစံနဲ့ လေးလေးကိုပုခုံးတွန့်ပြပြီး နှုတ်ခမ်းတွေကလည်းမဲ့ရွဲ့ပြနေကြသည်။
"ဟ!! တစ်ရက်လောက်တော့နေပါအုန်းကွ! မင်းကလည်း ..အေးဆေးပေါ့"
"မနေချင်ဘူးလေးလေးရာ ....ကုတင်ပေါ်မှာပဲအိပ်နေရတာ အရမ်းပျင်းတယ်"
"အော်..အော်...မင်းအပျင်းပြေဖို့အတွက် ငါက ဆေးရုံထဲမှာ club ထောင်ပေးရမလိုဖြစ်နေပြီ"
"ကောင်းတာပေါ့ အဲ့တာဆိုပျော်စရာကြီး"
"တော်စမ်း!! ဘာမှဆေးရုံဆင်းဖို့ကြံမနေနဲ့ ၊မင်းတို့အဖွဲ့ ဘယ်လိုတွေဆိုးသွမ်းနေလဲဆိုတာ ငါသတင်းရထားတယ်နော်၊ ငါ့တူတွေလုပ်နေပြီး ငါ့မျက်နှာကိုအိုးမဲသုတ်နေကြတာကောင်းကြသေးရဲ့လား၊ ပြောစကားနားမထောင်ရင် ဒီမှာတစ်ပတ်လောက်ထပ်နေခိုင်းလိုက်မှာနော်"
"အာ...မလုပ်ပါနဲ့လေးလေးကလည်း! ကျွန်တော်တို့ကမဆိုးပါဘူး။ မဟုတ်မှ ကျွန်တော်တို့အကြောင်းကို ဟိုဒေါက်တာမ လှမ်းချွန်လိုက်တာမှတ်လား! လေးလေးသူပြောတာတွေမယုံနဲ့နော် သူကကျွန်တော့်အကြောင်းမဟုတ်တာတွေလျှောက်ပြောထားတာနေမှာ"
"ကိုယ့်အပြစ်ကိုယ်ဝန်မခံဘဲနဲ့ ဘာလို့သူများကိုလွှဲချနေတာလဲသျှန်ခရဲ့"
"လွှဲချနေတာမဟုတ်ပါဘူးဆို! လေးလေးမသိလို့နော် အဲ့ဒေါက်တာမက တခြားလူတွေကိုတော့မသိဘူး ကျွန်တော့်ကိုဆိုရင် အမြဲဗျစ်တောက်ဗျစ်တောက်နဲ့လိုက်ပြောတာ၊ ကျွန်တော်ကလူနာဖြစ်နေလို့သာ သည်းခံနေတာ မဟုတ်ရင်တော့လေ....."
"မဟုတ်ရင်မင်းကဘာလုပ်ချင်တာလဲ"
"မဟုတ်ရင်တော့လား ဟမ်... ဟမ်း....ဟမ်း...ဒီလိုဒီလို"
လက်နှစ်ဖက်ကိုဝှေ့ယမ်းပြီး တစ်ဖက်လူကိုရိုက်တော့မယ့်ပုံစံမျိုး အမူအယာတင်မက အသံအနေအထားနဲ့ပါလုပ်ပြနေတာကြောင့် ကျန်တဲ့သူတွေခမျာ စိတ်လေတဲ့ပုံစံနဲ့သူ့ကိုကြည့်မိလိုက်ကြတယ်။ အလကား လေပေါနေတဲ့ကောင်! တကယ့်တကယ်တမ်း ဒေါက်တာယမင်းနွယ်အောင်ရှေ့ရောက်သွားကြည့်ပါလား အမြှီးကုပ်နေတဲ့ခွေးလိုဆန့်တငင်ငင်နဲ့ဖြစ်နေမှာအသေအချာ။
YOU ARE READING
ROYL (Ongoing)
ActionRed Flag ကြိုက်ရင် ဒါလေးဖတ် ❤ မွန်ဒီပမောင် (ROYL) + ရှိုင်းထက်မြိုင် ❤