Part 24

891 19 5
                                    



စားစရာသောက်စရာမရှိတဲ့သူက ဗိုက်ဖြည့်တင်းရဖို့အတွက်ခိုးတယ်။ဒီထက်ပိုပြီးပြည့်စုံချင်ရင် ဓားမြတိုက်တယ်။ စားနိုင်သောက်နိုင်ပြီးလူတန်းစေ့နေနိုင်တာတောင်မှ သမာအာဇီဝကျတဲ့အလုပ်ကိုမလုပ်ကိုင်နိုင်သေးရင်တော့ သူခိုး၊ဓားပြ ထက်ဆိုးတဲ့ ပြစ်မှုကိုကျူးလွန်သူရာဇဝတ်သားဖြစ်သွားလေပြီ။

"""""""""""""""""""

ရောင်းဝယ်တဲ့ပစ္စည်းအရေအတွက်ပမာဏက များလွန်းတာကြောင့် စီစစ်ရတာတွေက တော်တော်နဲ့မပြီးနိုင်သေးဘဲ အချိန်အတော်ကြာတဲ့အထိ လုပ်ဆောင်နေရသည်။ ပစ္စည်းတွေကိုနောက်တစ်နေ့မနက်ခင်း ရန်ကုန်ကိုအရောက်ပို့ရမှာဖြစ်တာကြောင့် ညနေခင်းကားထွက်ဖို့အမှီ ပစ္စည်းတွေကိုစစ်ဆေးနေရသည်။

"ကိုရှိုင်း ခနလောက်တော့နားပါအုန်းလား ဒီမှာအဆာပြေစားဖို့မုန့်ယူလာတယ်"

"နေပါစေဗျ ကျွန်တော်မဆာသေးပါဘူး"

"မဆာသေးဘူးဆိုရင်လည်း အအေးလေးတော့လာသောက်ဗျာ ဒီလိမ္မော်ဖျော်ရည်ရဖို့အတွက် လိမ္မော်သီးတွေကို လိမ္မော်ခြံကနေလတ်လတ်ဆတ်ဆတ်ခူးလာခဲ့တာနော်"

ထပ်ခါထပ်ခါပြောနေတဲ့အတွက် ငြင်းလို့လည်းမကောင်းတော့တာကြောင့် မြိုင်လုပ်လက်စတွေကိုခနနားလိုက်ပြီး နွံဟန်လျန်းဆီသို့သွားလိုက်သည်။ စားပွဲခုံပေါ်မှာတင်ထားတဲ့ စားစရာတွေနဲ့ လိမ္မော်ဖျော်ရည်ကိုသူကြည့်မိလိုက်တယ်။ စားပွဲခုံပေါ်မှာ လိမ္မော်ဖျော်ရည်နဲ့တွဲဖက်စားဖို့အတွက် ချောကလက်ကွတ်ကီးနဲ့ ယိုစုံတွေအပြင် အခြားမုန့်များစွာကိုတည်ခင်းထားသည်။

"သောက်ကြည့်ပါအုန်းကိုရှိုင်း ဒါကကျွန်တော်တို့ခြံထွက်လိမ္မော်ဖျော်ရည်"

"ကျေးဇူးပါ"

မြိုင်က ဖုန်းကိုစားပွဲခုံပေါ်တင်လိုက်ပြီး နွံဟန်လျန်းကမ်းလိုက်တဲ့အအေးခွက်ကိုလှမ်းယူကာသောက်လိုက်သည်။ခြံထွက်သဘာဝစစ်စစ်မို့ထင်ပါရဲ့ အရသာကတော်တော်လေးကောင်းမွန်သည်။

"ဘယ်လိုလဲ ကောင်းရဲ့လား"

"တော်တော်ကောင်းတယ်ဗျ"

ROYL (Ongoing)Where stories live. Discover now