ကျောင်းအုပ်ရုံးခန်းထဲကနေ ညီအကိုနှစ်ယောက်ထွက်လာပြီးတော့ ကျောင်းကော်ရက်တာဘက်မှာလမ်းလျှောက်နေစဉ် ရုတ်တရက်ရွိုင့်လက်ကိုလှမ်းကိုင်လိုက်တဲ့ညီညီကြောင့် ရွိုင် အောက်ကိုငုံ့ကြည့်မိလိုက်တယ်။"ကိုကိုကြီး"
"ဗျာ့"
ညီညီ့ပုံစံက တစ်ခုခုကိုစိုးရိမ်နေတဲ့ပုံပေါက်နေကာ မျက်လုံးလေးကလယ်ကလယ်နဲ့ ရွိုင့်ကိုမော့ကြည့်နေသည်။ထို့နောက် နှုတ်ခမ်းစူစူလေးက အကြောင်းအရာတစ်ခုခုကို လေးလေးနက်နက်ပြောချင်နေတဲ့ပုံစံဖြင့်
"ဟိုလေ ကိုကိုကြီး...."
".................."
ရွိုင်ကြည့်နေမှန်းသိတော့ ပြောလက်စ,စကားကိုဆက်ပြောဖို့အတွက် နှုတ်ခမ်းလေးကိုလျှာဖြင့်သပ်လိုက်ပြီး
"ညီညီဒီနေ့ ရုံးခန်းအခေါ်ခံရတာကိုလေ ...ကိုကို့ကိုပြန်မပြောပါနဲ့နော်"
"ညီညီမပြောစေချင်ရင် ကိုကိုကြီးမပြောဘူးနော်"
"ဟီး..ဟုတ်ကဲ့"
ရွိုင်က ကတိပေးလိုက်တော့ ပျော်သွားတဲ့မျက်နှာပေးလေးနဲ့ညီညီက သွားများပေါ်အောင်ရယ်လိုက်သည်။ဒီကောင်လေး သူ့အကိုဆူမှာကိုတော့ကြောက်သား။
"သာလွန်ထက်! ခနလေးနေပါအုန်း!"
စကားပြောပြီးသွားနောက် ဆက်သွားမယ်လုပ်စဉ် အနောက်ကနေထွက်ပေါ်လာတဲ့အသံပိစိလေးကြောင့် ရွိုင်တို့နောက်လှည့်ကြည့်မိလိုက်ကြတယ်။ခုနက ကျောင်းအုပ်ရုံးခန်းမှာတွေ့ခဲ့တဲ့ကလေးလေးက ညီညီ့နာမည်ကိုခေါ်ပြီး ပြေးလာတာကြောင့် ရွိုင်ကလည်းညီညီ့ပခုံးကိုကိုင်ရင်းနဲ့ ထိုကလေးကိုစောင့်နေလိုက်သည်။ ထိုကလေးလေးက ညီညီ့ဆီအမောတကောနဲ့ပြေးလာပြီးတော့ ရွိုင်တို့ရှေ့ရောက်တော့ ခနအမောဖြေကာ စကားပြောဖို့ပြင်လိုက်သည်။
"သာလွန်ထက်! ဒီနေ့ မင်းငါ့ကိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ချင်လို့"
"ရတယ် မလိုဘူး"
ညီညီ့ဖြေပုံစံကြောင့် ရွိုင်မျက်ခုံးတစ်ဖက်ပင့်သွားမိသည်။ ရှိုင်းထက်မြိုင်ရဲ့ညီက အလာကြီးပါလား....
YOU ARE READING
ROYL (Ongoing)
ActionRed Flag ကြိုက်ရင် ဒါလေးဖတ် ❤ မွန်ဒီပမောင် (ROYL) + ရှိုင်းထက်မြိုင် ❤