"ကိုကို"
"ကိုကိုရေ"
"ကိုကို ထတော့လေ"
အိမ်မက်ထဲမှာလိုလို အပြင်မှာလိုလိုနဲ့ ညီညီ့ရဲ့ခေါ်သံကြောင့် ရှိုင်းထက်မြိုင်မှာ လူကနိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်လို့နေသည်။ညီညီက ရှိုင်းထက်မြိုင်ကိုနှိုးလို့မရတာကြောင့် ရှိုင်းထက်မြိုင်ရဲ့ဗိုက်ပေါ်ခွတက်ပြီး မြင်းစီးသလိုလှုပ်စိလှုပ်စိလုပ်ကာ မထမချင်းနှိုးနေတော့သည်။
"ကိုကို ကိုကိုလို့"
"အွန်း....ညီညီရေ ခနလေးအိပ်အုန်းမယ်"
"မအိပ်နဲ့တော့လေ ညဈေးတန်းသွားမယ်လို့ မိုးချုပ်ေတာ့မယ်"
ညီညီပြောမှ သူတို့တွေတောင်ကြီးရောက်နေမှန်း ရှိုင်းထက်မြိုင်အမှတ်ရမိလိုက်တယ်။အလန့်တကြားနဲ့ မျက်စိဖွင့်ပြီး ထထိုင်လိုက်ကာ ဗိုက်ပေါ်ကညီညီ့ရဲ့ခန္ဓာကိုယ်လေးကိုလည်း မပြုတ်ကျအောင်ဂျိုင်းနှစ်ဖက်ကနေ ထိန်းကိုင်လိုက်ပြီး ထလိုက်သည်။
"အရမ်းကိုတက်ကြွနေတယ်ပေါ့ ဟုတ်လား"
"ဟီး.. ညီညီ့ကို မုန့်တွေအများကြီးဝယ်ကျွေးရမှာနော်"
"တစ်မြို့လုံးစားချင်တာအကုန်ဝယ်ကျွေးမယ်ဗျာ"
"ရေး...ရေး...."
ရှိုင်းထက်မြိုင်နဲ့ညီညီက ရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်ကြပြီး အဝတ်အစားလဲလိုက်ကြသည်။ တောင်ကြီးရာသီဥတုက တစ်နှစ်ပတ်လုံးအေးတဲ့အတွက်ကြောင့် အပြင်မှာချမ်းရင်ဝတ်ဖို့အတွက် အနွေးထည်တစ်စုံစီပါ ထုတ်ထားလိုက်ကြသည်။
ဒေါက်...ဒေါက်...
"ဝင်ခဲ့ပါ"
ရှိုင်းထက်မြိုင်ရဲ့အသံအဆုံး အပြင်ဘက်ကနေ အိမ်အကူကောင်မလေးနှစ်ယောက်ကအခန်းထဲကိုဝင်လာသည်။
"သူဌေးက အဆင်သင့်ဖြစ်ရင် အိမ်အောက်ထပ်ကိုဆင်းလာခဲ့ဖို့မှာလိုက်ပါတယ်ရှင့်"
"ဟင်..သူကပြီးသွားပြီလား"
"ဟုတ်ကဲ့ စောင့်နေတာ အနည်းငယ်တော့ကြာနေပါပြီရှင့် ဒီကအကိုလေးတို့မပြီးသေးမှာဆိုးလို့ အခုမှလာခေါ်ခိုင်းလိုက်တာပါရှင့်"
YOU ARE READING
ROYL (Ongoing)
ActionRed Flag ကြိုက်ရင် ဒါလေးဖတ် ❤ မွန်ဒီပမောင် (ROYL) + ရှိုင်းထက်မြိုင် ❤