ဒိုင်း!"မောင် !!"
မြိုင်ကအသားကုန်အော်ဟစ်ကာ ရွိုင့်ဆီအမြန်ပြေးသွားလိုက်ပြီး ရွိုင့်ရဲ့ခန္ဓာကိုယ်ကိုဘေးဘက်သို့ တွန်းထုတ်လိုက်သည်။
"အာ့"
ရွိုင်တို့ တစ်ဖက်ကလူတွေနဲ့ရုန်းရင်းဆန်ခတ်ဖြစ်နေကြချိန် ရုတ်တရက်ကြီးမြိုင့်ရဲ့အော်သံကိုကြားလိုက်ရပြီး တစ်ဆက်တည်းမှာပင် လူကတွန်းလှဲခံလိုက်ရကာ လဲကျသွားသည်။ထို့နောက်သေနတ်သံတစ်ချက်ကိုကြားလိုက်ရတာကြောင့် ရွိုင် လဲကျနေရင်းမှလှည့်ကြည့်မိတော့ သူ့ရဲ့ဘေးမှာ ဝမ်းဗိုက်ကိုဖိရင်း ဒူးကွေးညွှတ်ကာလဲကျသွားတဲ့မြိုင့်ကို သူတွေ့လိုက်ရသည်။
မဟုတ်မှ ...မြိုင်က သူ့ကိုယ်စားဝင်ခံပေးလိုက်တာလား။
"မြိုင်!!!!"
ရွိုင်တစ်ယောက် အလူးအလဲနဲ့မြေပြင်ပေါ်ကနေကုန်းထပြီး လက်ထဲကသေနတ်ကိုပစ်ချလိုက်ကာ မြိုင့်ဆီပြေးသွားလိုက်တယ်။ မြေပြင်ပေါ်မှာလဲလျောင်းနေတဲ့ မြိုင့်ကိုယ်လေးကိုပွေ့ချီကာ သူ့ရင်ဘတ်မှာမှီစေလိုက်တယ်။ဝမ်းဗိုက်နဲ့လက်မှာပေနေတဲ့သွေးတွေကိုကြည့်ပြီး ရွိုင်တစ်ယောက် ဆောက်တည်ရာမရဖြစ်နေမိသည်။
"မြိုင် !! ဘာလို့မောင့်ကိုယ်စားဝင်ခံပေးရတာလဲကွာ၊ မောင့်ကိုစိတ်ဆင်းရဲအောင်လုပ်နေတာပဲ မောင့်အချစ်ရယ်..."
အသံတွေတုန်ကာ သူ့ဒဏ်ရာကိုကြည့်ပြီး မထိရက်ပဲလက်တုန်ရီနေတဲ့ မောင့်ကိုကြည့်ပြီး မြိုင်ကသူ့ရဲ့လက်တစ်ဖက်ကိုမြှောက်ကာ မောင့်ပါးလေးကိုထိကိုင်လိုက်သည်။
"မောင် အ့...ငါ ငါလေ ငါမောင့်ကိုအရမ်း အ့ ...ချစ်တယ်"
" မြိုင် အားတင်းထားနော်၊ မြိုင်ဘာမှမဖြစ်စေရဘူး မောင်တစ်ယောက်လုံးရှိတယ်နော်"
ရွိုင် သူ့ပါးကိုကိုင်ထားတဲ့မြိုင့်လက်ဖဝါးပေါ် သူ့လက်နဲ့ပြန်အုပ်ကိုင်လိုက်ပြီး မျက်ရည်တွေစီးကျနေမိသည်။မဖြစ်ဘူး မြိုင့်ကိုဆေးရုံအမြန်ဆုံးပို့ရမယ်။ဟိုတစ်စဒီတစ်စ တောက်လောင်နေတဲ့မီးတောက်တွေဟာ တဖြည်းဖြည်းနဲ့ပမာဏများလာတာကြောင့် လွတ်ရာလမ်းကိုအမြန်ဆုံးရှောင်တိမ်းဖို့အတွက် ဖောက်ထွက်ရမည်။
YOU ARE READING
ROYL (Ongoing)
ActionRed Flag ကြိုက်ရင် ဒါလေးဖတ် ❤ မွန်ဒီပမောင် (ROYL) + ရှိုင်းထက်မြိုင် ❤