တစ်ညလုံးမအိပ်ဘဲ ညီညီ့အနားမှာထိုင်စောင့်နေတဲ့ မြိုင့်ကိုကြည့်ရင်း ရွိုင့်မှာစိတ်မချမ်းမသာဖြစ်နေရသည်။မြိုင့်ကိုယ်စား ညီညီ့ကိုသူစောင့်ပေးမယ်လို့ပြောပါသော်လည်း မြိုင်ကလက်မခံပေ။သူကိုယ်တိုင်သူ့ညီလေးအနားမှာ တစ်ညလုံးနေပြီး ရေပက်တိုက်လိုက် အဖျားကျမကျစမ်းသပ်လိုက်နဲ့ အလုပ်ရှုပ်နေခဲ့သည်။တစ်ညလုံးမအိပ်ထားတဲ့အတွက် အနည်းငယ်နွမ်းလျနေတဲ့မြိုင့်မျက်နှာလေးကိုကြည့်ပြီး ရွိုင် သက်ပြင်းတစ်ချက်ချလိုက်သည်။"မြိုင် ခနလောက်အိပ်လိုက်ပါလား ညီညီနိုးလာမှ မောင်မြိုင့်ကိုလာနှိုးပေးမယ်လေ"
"ကလေးကသူနိုးတဲ့အချိန် ငါမရှိရင်ဝမ်းနည်းနေမှာ"
"မောင်တစ်ယောက်လုံးရှိနေတာပဲလေကွာ၊ကလေးနိုးလာခဲ့ရင်လည်း မောင်ရှိနေတော့ ဘာမှမဖြစ်လောက်ပါဘူး မောင့်စကားကိုနားထောင်ပြီးခနလောက်အိပ်လိုက်နော်"
ပြောစကားကိုနားထောင်ချင်ပုံမရဘဲ ပေကပ်ကပ်နဲ့ရပ်နေတဲ့မြိုင့်ကိုကြည့်ပြီး ရွိုင်အသည်းယားလာရသည်။ ဘယ်လောက်တောင်မှပြောရဆိုရလက်ပေါက်ကပ်တဲ့ဟာလေးလဲ။
ဒေါက် ....ဒေါက်
ထိုစဉ် အခန်းအပြင်ဘက်ကတံခါးခေါက်သံကြောင့် ရွိုင်တံခါးဆီသို့သွားလိုက်ပြီး တံခါးဖွင့်ပေးလိုက်တော့ အပြင်မှာရပ်နေတဲ့သူက မေမေနဲ့ဖေဖေဖြစ်လို့နေလေသည်။
"မောင် ကလေးနိုးပြီလား"
"မနိုးသေးဘူးမေမေ"
"ဟုတ်လား မေမေကြည့်ပါရစေအုန်း"
မေမေကချက်ချင်းပင် ညီညီ့ဆီသွားလိုက်ပြီး ညီညီ့နှဖူးလေးကို သူမရဲ့လက်နဲ့စမ်းသပ်လိုက်သည်။ အသားလေးက အေးသွားပြီဖြစ်ကာ အဖျားမရှိတော့မှန်းသိလိုက်ရတာကြောင့် စိတ်အေးသွားပြီလို့ဆိုရမည်။
"တော်ပါသေးရဲ့မောင်ရယ် အဖျားကျသွားပေလို့ပေါ့"
မျက်စိဖွင့်ချင်ပေမယ့်လည်း လေးလံနေတဲ့မျက်ခွံနှစ်ဖက်ကြောင့် တော်တော်နဲ့ဖွင့်မရဘဲဖြစ်လို့နေလေသည်။ သို့ပေမယ့် ဘေးကအသံတွေကြောင့် သိချင်တဲ့စိတ်ကဖြစ်ပေါ်လာပြီး မနည်းအားယူကာ မျက်စိဖွင့်ကြည့်မိလိုက်သည်။ညီညီမျက်စိကိုဖွင့်လိုက်စဉ် ပထမဦးဆုံးမြင်လိုက်ရတာက အဖြူနဲ့အမဲရောစပ်ထားတဲ့ မျက်နှာကျက်တစ်ခု။ မဟုတ်မှ သူ ကိုကိုကြီးရဲ့အိမ်ကိုရောက်နေတာလား"
YOU ARE READING
ROYL (Ongoing)
ActionRed Flag ကြိုက်ရင် ဒါလေးဖတ် ❤ မွန်ဒီပမောင် (ROYL) + ရှိုင်းထက်မြိုင် ❤