part 3

2.2K 54 0
                                    

ရန်ကုန်လေဆိပ်ဆီသို့ရောက်တော့ သာလွန်ထက်က ကားမောင်းနေတဲ့ ကျော်ကျော့်ကိုမကြည့်ပဲနဲ့ ရှေ့ကိုသာကြည့်ပြီးမေးလိုက်သည်။

"ငါ့သားတွေ ဟိုကိုရောက်သွားပြီလား ကျော်ကျော်"

သူပြောတဲ့သားတွေနဲ့နေရာဆိုတာကတကူးတကရှင်းပြစရာမလိုအောင်ပင် သူတို့နှစ်ယောက်ကြားမှာ အချိတ်အဆက်ကရှိနေပါသည်။

"ရှေ့နှစ်ရက်လောက်ကတည်းက အကိုလေးနေမယ့်တိုက်ခန်းဆီကိုပို့ပေးထားပါတယ် "

"ကောင်းပြီ"

"ဒါနဲ့အကိုလေး"

"ပြောလေ"

"အကိုလေးက ရန်ကုန်မှာကျောင်းမတက်ပဲနဲ့ ဘာလို့တောင်ကြီးမှာကျောင်းတက်ချင်ရတာလဲဟင် ဒီမှာအကိုကြီးတစ်ယောက်တည်းကျန်ခဲ့တော့ သူ့ခမျာအကိုလေးကိုလွမ်းနေရရှာမှာဗျာ"

"ငယ်ငယ်တုန်းက တောင်ကြီးမှာကျောင်းလာတက်မယ်လို့ တစ်စုံတစ်ယောက်ကို ကတိပေးထားတာရှိဖူးလို့ပါ"

"အော် ဟုတ်ကဲ့ပါဗျ"

Time skip....

"အကိုလေး ဗြဲ......အကိုလေးရယ် လွမ်းနေရတော့မှာပဲဗျာ ဗြဲ......"

ခုနတုန်းကအကောင်း အခုလေယာဉ်ပေါ်တက်ခါနီးကျမှ လေဆိပ်မှာတဗြဲဗြဲနဲ့ငိုနေတဲ့ကျော်ကျော်ကြောင့် သာလွန်ထက်လည်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတော့သည်။ ခရီးသည်တစ်ချို့ကလည်း သူတို့နှစ်ယောက်ကို စူးစမ်းသလိူဖြင့်တစ်ချက်တစ်ချက်လှမ်းကြည့်သွားကြသည်။

"ဟိတ်ကောင် ဘာလို့ငိုနေတာလဲ သူများတွေကြည့်နေကြပြီ"

"ကြည့်ကြည့်ပေါ့ဗျာ ကျွန်တော်က အကိုလေးနဲ့ခွဲရတော့မှာမို့ဝမ်းနည်းနေတာကို အကိုလေးကမချော့ပဲနဲ့ကျွန်တော့်ကိုဆူနေတယ်"

"ဟာ...ငါဘယ်မှာမင်းကိုဆူနေလို့လဲ ကောင်းကောင်းပြောနေတာပဲလေ"

"ကြည့်...အခုတောင် လေသံမာနေပြီ ရွတ်...."

"ဘယ်မှာလေသံမာနေလို့လဲကျော်ကျော်ရာ မင်းကွာလူကြားထဲငိုနေတာမရှက်ဘူးလား တော်တော့ အငိုတိတ်တော့"

ROYL (Ongoing)Where stories live. Discover now