Part 8

926 23 1
                                    

မိသားစုလေးယောက် ထမင်းစားသောက်ပြီးစီးသွားတော့ ရွိုင့်ကိုဖေဖေခေါ်ထားတာကြောင့် ဖေဖေ့စာကြည့်ခန်းဆီသို့ခြေလှမ်းတွေကို ဦးတည်လိုက်သည်။

"ကျွန်တော်ရောက်ပြီဖေဖေ"

အခန်းတံခါးကိုခေါက်ပြီး အသံပေးလိုက်တော့ ဖေဖေကဝင်ခဲ့လို့ပြောလာသည်။ရွိုင်ဝင်သွားတော့ ဖေဖေ့စာကြည့်ခန်းထဲမှာ ဖေဖေအပြင်လေးလေးပါရှိနေသည်။

"ဒီနေ့ကိစ္စ အဆင်ပြေခဲ့လား သားမောင်"

ကျောက်ကိစ္စကိုဖေဖေက ရည်ရွယ်ပြီးမေးလိုက်ခြင်းပေ။

"ဟုတ်ကဲ့ ပြေတယ်ဖေဖေ"

"နေပါအုန်း အကိုက ဒီပကို မဟုတ်တဲ့အလုပ်တွေပါခိုင်းနေပြီလား"

ကြားထဲက လေးလေးဝင်ပြောတော့ ဖေဖေကမျက်ခုံးအနည်းငယ်စုကျုံ့သွားသည်။ ဖေဖေလုပ်တဲ့အလုပ်တွေကို လေးလေးကသိပ်ပြီးသဘောမကျပေ။ သဘောမကျရတဲ့အကြောင်းအရင်းကတော့ရှင်းပါတယ် ပြိုင်ဘက်တွေနဲ့ ပြဿနာဖြစ်ပြီးတိုင်း ဖေဖေအပါအဝင်ဖေဖေ့တပည့်တွေအားလုံးက လေးလေးဆီမှာပဲ ဒဏ်ရာလာကုသကြတာဖြစ်သည်။

"ငါမွေးတဲ့သားက ငါ့ခြေရာကိုနင်းတာထူးဆန်းလို့လား အဂ္ဂ"

"ဒီအလုပ်တွေက အကိုတစ်ယောက်ထဲလုပ်တာနဲ့တင်အပြစ်တွေများနေပြီကို ကလေးကိုပါအကို့အပြစ်တွေမျှဝေပေးနေတယ်"

"တော်စမ်း အဂ္ဂ"

"ကျွန်တော်ပြောတာမဟုတ်လို့လား အကိုတို့လုပ်နေတဲ့အလုပ်တွေက တစ်ခုမှပုံမလာဘူး ဒါပေမယ့်ဘိန်းနဲ့လူကုန်ကူးတဲ့ကိစ္စတွေတော့မလုပ်လို့ပဲ ကျေးဇူးတင်ရမလိုဖြစ်နေပြီ"

"ဘိန်းနဲ့လူကုန်ကူးတဲ့အလုပ်တွေက ငါတို့ဘိုးစဉ်ဘောင်ဆက်ဘယ်သူမှမလုပ်ခဲ့ကြဘူး ငါ့အလှည့်ကော ငါ့သားစဉ်မြေးဆက်ကောဘယ်သူမှမလုပ်စေရဘူး ဒါတော့ငါအာမခံတယ်"

"တော်ကြပါတော့ ဖေဖေနဲ့လေးလေးရယ် ကျွန်တော့်ကိုခေါ်လိုက်တာဖေဖေတို့စကားများတာကိုလာကြည့်ခိုင်းတာတော့မဟုတ်ပါဘူးနော်"

ROYL (Ongoing)Where stories live. Discover now