နေ့လည် ၃နာရီပင်ရှိနေသေးသော်ငြား ကောင်းကင်တစ်ခွင်လုံးအုံ့မှိုင်းနေပြီး မိုးအနည်းငယ်ကျဆင်းနေသည်။လွန်ခဲ့တဲ့နှစ်ရက်နေ့လောက်ကတည်းက ရွိုင်က အလုပ်ကိစ္စနဲ့ပြင်သစ်ကိုသွားလိုက်တာကြောင့် မြိုင်တစ်ယောက် အိမ်မှာပဲသောင်တင်နေခဲ့သည်။အိမ်မှာပဲသောင်တင်နေရတဲ့အကြောင်းအရင်းကလည်းရှိသေးတယ်လေ၊ ညညဆို သူဘယ်လိုပဲ club ခိုးသွားပါစေ ရွိုင်ကချက်ချင်းသိပြီး ချက်ချင်းလိုက်လာတတ်တဲ့အတွက်ကြောင့်ပေ။ မြိုင် အဲကောင်နဲ့ပြိုင်တုပြီးရန်မဖြစ်ချင်လို့သာငြိမ်နေတာ မဟုတ်ရင်ထားခဲ့လိုက်တာကြာပေါ့....မြိုင်က ခြံထဲမှာအပန်းဖြေဖို့ဆောက်ထားတဲ့ ဘန်ဂလိုထဲမှာ စားစရာအစုံအလင်နဲ့ တစ်ယောက်တည်းသာယာနေတာဖြစ်သည်။Dreambed ပေါ်မှာစုဖုရားလတ် လှဲလျောင်းသလိုမျိုး လက်တစ်ဖက်ကခေါင်းကိုထောက်ကာ လှဲလျောင်းပြီး ဘီယာလေးသောက်လိုက် အမြည်းလေးစားလိုက်နဲ့သာယာနေတဲ့မြိုင်တစ်ယောက်ရယ်ပါ။ သူနဲ့ခပ်လှမ်းလှမ်းမှာတော့ bodyguard တွေနဲ့ အလုပ်သမားတစ်ချို့က ရပ်စောင့်နေကြသည်။
"မြနွယ် ငါ့အတွက် နောက်ထပ်ဘီယာတစ်လုံးလောက်သွားယူပေးစမ်း"
မြိုင့်ရဲ့စကားကြောင့်မြနွယ်က အိမ်တော်ထဲဝင်မို့လုပ်နေစဉ် bodyguard တစ်ယောက်က မြိုင့်အနားရောက်လာသည်။
"ထပ်သောက်လို့မရပါဘူးအကိုကြီး သူဌေးက ဘီယာကိုတစ်နေ့တစ်လုံးထပ်ပိုပြီးမသောက်ရဘူးလို့မှာထားပါတယ် သောက်ချင်ရင်တော့ ဝိုင်ဖြစ်ဖြစ်သောက်လို့ရပါတယ်"
"ဒယ်ဒီက အဲလိုပဲမှာထားတာလား"
"မဟုတ်ပါဘူးအကိုကြီး သူဌေးရွိုင်က မှာထားတာပါ"
"ဟမ် သူ့စကားနားထောင်ရအောင် မင်းတို့က သူ့ရဲ့ဝန်ထမ်းလား ငါတို့အိမ်ကဝန်ထမ်းလား"
"တောင်းပန်ပါတယ်အကိုကြီး"
"တောင်းပန်တာမလိုချင်ဘူး ငါထပ်သောက်ချင်သေးတယ် အခုသွားယူ"
"ထပ်ပြီးတောင်းပန်ပါတယ်အကိုကြီး ကျွန်တော်တို့အမိန့်မလွန်ဆန်နိုင်လို့ပါ"
YOU ARE READING
ROYL (Ongoing)
ActionRed Flag ကြိုက်ရင် ဒါလေးဖတ် ❤ မွန်ဒီပမောင် (ROYL) + ရှိုင်းထက်မြိုင် ❤