စောစောပြန်ရောက်မယ်လို့ပြောပြီး မနက်ခင်း ၅နာရီလောက်မှ အိမ်ပြန်ရောက်တာကြောင့် ရှိုင်းထက်မြိုင်တစ်ယောက် ခိုးကြောင်ခိုးဝှက်ဖြင့်မိမိအိပ်ခန်းဆီသို့ပြေးဝင်သွားလိုက်သည်။ ဘီဒိုထဲက ညအိပ်ဝမ်းဆက်တစ်စုံကို ထုတ်လိုက်ပြီး အဝတ်အစားလှဲလိုက်ကာ ကုတင်ရှိရာသို့သွားပြီးအိပ်စက်ဖို့ပြင်လေတော့ ညီညီကလန့်နိုးလာသည်။"ဟင် ကိုကို "
"ကျွတ်..ကျွတ် ညီညီပြန်အိပ်အုန်း ကိုကိုကအိမ်သာထတက်တာ"
"ဟုတ်ကိုကို"
အိပ်ချင်မူးတူးနဲ့ညီညီက သူပြောတာကိုအတည်ယုံသွားပြီး သူ့ကိုဖက်ကာပြန်လည်အိပ်ပျော်သွားသည်။ရှိုင်းထက်မြိုင်လည်း ညီညီ့ခန္ဓာကိုယ်တစ်ခုလုံးကို သိမ်းကျုံးပွေ့ဖက်လိုက်ပြီး အိပ်စက်ဖို့ပြင်လိုက်တော့သည်။
Time skip....
မနက်ခင်းပိုင်းမှအိပ်ပျော်သွားတဲ့အတွက် လူကနိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်လို့နေလေသည်။မိမိရင်ဘတ်ပေါ်က လေးလံနေတဲ့အရာကိုဖယ်ထုတ်ချင်ပေမယ့်လည်း မျက်စိမဖွင့်နိုင်သေးတာကြောင့် လက်ဖြင့်အသာအယာပုတ်ထုတ်လိုက်လေတော့ ရင်ဘတ်ပေါ်ကအရာကဖယ်မသွားတဲ့အပြင် သူ့လက်ကိုပါပြန်ပြီးဆွဲကာထားလေသည်။
"ကိုကိုခနအိပ်အုန်းမယ် ညီညီဖယ်ပေးအုန်း"
"9 နာရီထိုးနေပြီလေကိုကိုရဲ့ ထတော့"
"ကိုကိုအိပ်ရေးမဝသေးဘူးလို့"
"ဒယ်ဒီက ကိုကို့ကို လာနှိုးခိုင်းနေတာ ညီညီနဲ့ဒယ်ဒီက ခုထိမနက်စာမစားရသေးဘူး"
ညီညီက သူ့နှာခေါင်းကိုဆွဲပြီးပြောလေတော့ ရှိုင်းထက်မြိုင်တစ်ယောက် အသက်ရှုကြပ်ပြီး မျက်စိနှစ်ဖက်ပွင့်လာတော့သည်။အိပ်ချင်မူးတူးဖြင့် မျက်စိမှေးစင်းစင်းလုပ်ပြီး ရင်ဘတ်ပေါ်က ညီညီ့ကိုပေစောင်းစောင်းကြည့်ပေးလိုက်တော့ ညီညီက တစ်ခစ်ခစ်နဲ့ရယ်နေတော့သည်။
"ခစ်ခစ်ခစ်...... "
"ကောင်စုတ်လေး ကိုကိုအိပ်နေတာကို လာနှောင့်ယှက်နေတယ်"
"ဟီး ကိုကိုကလည်း..... ညီညီက ကိုကိုနဲ့ထမင်းစားချင်လို့လာခေါ်တဲ့ဥစ္စာ"
YOU ARE READING
ROYL (Ongoing)
ActionRed Flag ကြိုက်ရင် ဒါလေးဖတ် ❤ မွန်ဒီပမောင် (ROYL) + ရှိုင်းထက်မြိုင် ❤