Part 11

1.2K 31 2
                                    

၁နှစ်ကျော်ခန့် ကြာပြီးသောအခါ....

မြန်မာနိုင်ငံရဲ့ Top 1 သူဌေးကြီးဦးသီဟမောင်ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေ၊ဟော်တယ်ခရီးသွားလုပ်ငန်းတွေဟာ နဂိုကထက်ပိုပြီး များသထက်ပိုများလာခဲ့သည်။အချိန် 1နှစ်အတွင်းမှာ ဒီလောက်တိုးတက်များပြားအောင်လုပ်နိုင်တဲ့စွမ်းရည်ကြောင့် သတင်းဌာနတော်တော်များများက ဦးသီဟမောင်ကို တွေ့ချင်နေကြတာဖြစ်သည်။ ၁နှစ်လုံးလုံး ဦးသီဟမောင်က မီဒီယာတွေရှေ့မရောက်ခဲ့သလို ဦးသီဟမောင်ရဲ့သားဖြစ်သူ မွန်ဒီပမောင် (ခေါ်) ရွိုင် ကလည်း လုံးဝလူလုံးထွက်ပြခြင်းမရှိခဲ့ပေ။

1နှစ်အတွင်းမှာ အရာအားလုံးဖြစ်ပျက်သမျှတွေဟာ အလွန်မြန်ဆန်လွန်းလှသည်။ ဦးရှိုင်းထက်သာပိုင်ဆိုင်တဲ့လုပ်ငန်းတစ်ချို့ဟာ အဖတ်ဆယ်မရအောင် ဒေဝါလီခံလိုက်ရပြီး လက်ရှိတည်ရှိနေတဲ့ Top 2နေရာကနေတောင် ဆင်းရဖို့လက်တစ်ကမ်းလောက်ပဲ လိုတော့တဲ့အခြေအနေထိတောင်ရောက်ခဲ့ရသည်။တစ်ဖက်မှာလည်း Top list မှာ ဘယ်သူဘယ်ဝါမှန်းမသိတဲ့လုပ်ငန်းရှင်သူဌေးတစ်ယောက်က ပေါ်ထွက်လာခဲ့ပြီး နှစ်ရှည်ကြာနာမည်တည်ရှိနေတဲ့ Top 10သူဌေးကြီးကိုကျော်တက်ပြီး Top 10နေရာကို တက်လာခဲ့တဲ့သူရှိခဲ့သည်။သူ့ရဲ့နောက်ခံအကြောင်းအရင်းကိုတော့ ခုထိရှာဖွေနေကြဆဲပေ။

ဒီနေ့ကတော့ အားလုံးစောင့်မျှော်နေကြတဲ့အချိန်ကိုရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဦးသီဟမောင်ပိုင်ဆိုင်တဲ့လုပ်ငန်းတွေထဲကတစ်ခုဖြစ်တဲ့ Monarch ကုမ္ပဏီမှာ Dinner ပွဲ ပြုလုပ်ထားပြီး လုပ်ငန်းရှင်တွေနဲ့အတူ ဝန်ကြီးအချို့လည်းတက်ရောက်ကြသည်။ ဖိတ်ကြားထားတဲ့အထူးဧည့်သည်တွေအပြင် နာမည်ကြီးသရုပ်ဆောင်မင်းသားမင်းသမီးတွေလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။ဦးသီဟမောင်ရဲ့ပွဲကို သူဌေးတွေအကုန်တက်ကြတဲ့အတွက် Top10သူဌေးမင်းအသစ်လည်း တက်ရောက်ကြလိမ့်မယ်လို့ယုံကြည်နေကြတာဖြစ်သည်။

ထိန်ထိန်လင်းနေတဲ့ နှင်းဆီပန်းပွင့်သဏ္ဌာန်မီးဆိုင်းကြီးတွေရဲ့အောက်မှာ စုဝေးနေကြတဲ့လူတွေကို စင်မြင့်ထက်က တီးဝိုင်းအဖွဲ့က သီချင်းအမျိုးမျိုးဖြင့် ဧည့်ခံနေကြသည်။ Sommelier များကတော့ တူညီဝတ်စုံတွေဖြင့် ခန်းမကြီးထဲမှာ ပတ်လျှောက်နေကြကာ ဧည့်သည်တွေကို အမျိုးမျိုးသော သောက်စရာများနဲ့စားစရာများကို လိုက်လံတည်ခင်းနေကြသည်။

ROYL (Ongoing)Where stories live. Discover now