"ရှိုင်းလေး..."ရွိုင်တော်တော်လေးရှော့ခ်ရသွားခဲ့သည်။ရုတ်တရက်ကြီး ကမ္ဘာကြီးနဲ့အဆက်အသွယ်ပြတ်တောက်သွားသလိုမျိုး ငြိမ်သက်သွားခဲ့ပြီး အတွေးတွေအားလုံးလွင့်ပျယ်ပျောက်ကွယ်သွားသည်။ သူသိပ်ချစ်ရတဲ့ချစ်သူက အိမ်တော်မှာရှိမနေဘဲနဲ့ ဘာလို့ဒီနေရာကိုရောက်နေရတာလဲ ပြီးတော့သူသိပ်မြတ်နိုးခဲ့တဲ့မျက်ဝန်းညိုတွေက ....
ဘာလို့လဲ....ဘာလို့အခုလိုမျိုး သူ့ကိုလိမ်လည်ခဲ့ရတာလဲ....
အချစ်အတွက်နဲ့မျက်ကန်းတစ်ယောက်လိုအရာအားလုံးယုံကြည်ပေးခဲ့ပြီး မျက်ကွယ်ပြုထားတဲ့သူ့ကိုမှ ဘာကြောင့်ဒီလိုလုပ်ရက်ရတာလဲ..
ရွိုင်ဘာမှဆက်မတွေးတောနိုင်ခဲ့....
သေနတ်ကိုင်ဆောင်ထားတဲ့လက်ကိုအောက်ပြန်ချလိုက်ပြီး အားအင်မရှိစွာနဲ့ သေနတ်ကိုလက်ထဲကနေ လွှတ်ချမိလိုက်တယ်။ကားထဲကရုန်းမထွက်နိုင်တဲ့ ခန္ဓာကိုယ်အပြင် တဆစ်ဆစ်နဲ့ထိုးကိုက်နေတဲ့ဦးခေါင်းကြောင့် ဘယ်အကြောင်းအရာကိုမှအကြာကြီးမတွေးတောနိုင်ခဲ့တော့။သွေးအဆက်မပြတ်ထွက်နေတဲ့သူ့ဦးခေါင်းဒဏ်ရာကြောင့် ခေါင်းတစ်ခုလုံးနာကျင်ကိုက်ခဲလာပြီး ရှေ့မှာမြင်နေရတဲ့သူကိုမကြည့်နိုင်တော့ဘဲ သူ့မျက်လုံးအမြင်တွေပါတဖြည်းဖြည်းဝေဝါးလာခဲ့ပြီးနောက် အရာအားလုံးဟာအမှောင်တိကျသွားပြီး လောကကြီးနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့တော့သည်။
At Hospital,
အရေးပေါ်ကုသဆောင်မှာ ဆရာဝန်တွေနဲ့သူနာပြုတွေ ခြေချင်းလိမ်အောင်ပြေးလွှားနေကြသည်။ ဆေးရုံအုပ်ကြီးရဲ့တူဖြစ်သူက ဒဏ်ရာအကြီးအကျယ်ရလာတဲ့အတွက် ခွဲခန်းရှိရာသို့ ခေါ်ဆောင်လာပြီး အကောင်းဆုံးဆေးကုသမှုတွေနဲ့ ကုသမှုလုပ်ပေးနေကြသည်။ Operation ခန်းရဲ့ရှေ့မှာတော့ သည်းထန်စွာငိုကြွေးနေတဲ့ဇနီးဖြစ်သူကို ခင်ပွန်းဖြစ်သူကပွေ့ဖက်ကာနှစ်သိမ့်ပေးနေပြီး Suit ဝတ်စုံအပြည့်နဲ့ယောကျာ်းလေးအယောက်20လောက်ကလည်း ဘေးမှာအစီအရီရပ်နေကြကာ ခွဲခန်းထဲမှာသတိမေ့မျောနေသူအတွက် စိုးရိမ်ပူပန်နေကြသည်။
YOU ARE READING
ROYL (Ongoing)
ActionRed Flag ကြိုက်ရင် ဒါလေးဖတ် ❤ မွန်ဒီပမောင် (ROYL) + ရှိုင်းထက်မြိုင် ❤