Part 14

941 25 2
                                    

"ဒါကဘာတွေဖြစ်နေကြတာလဲ"

အိမ်တော်ရဲ့အပေါ်ထပ်ဆီကနေ သြဇာညောင်းလှတဲ့အမိန့်သံတစ်ခုကြောင့် အားလုံးဟာရုတ်တရက်ကြီး ငြိမ်သက်သွားခဲ့သည်။ ရှိုင်းထက်မြိုင်က အိမ်ပေါ်ထပ်မှာ မတ်တပ်ရပ်နေတဲ့လူကိုစူးစိုက်ကာမော့ကြည့်လိုက်တော့ သူ့ရဲ့အကြည့်တွေကလည်း ရှိုင်းထက်မြိုင်တစ်ဦးတည်း၌သာတည်ရှိနေခဲ့သည်။ရှိုင်းထက်မြိုင် အနည်းငယ်ပျက်ယွင်းသွားတဲ့သူ့ရဲ့အင်္ကျီကို လက်တစ်ဖက်တည်းနဲ့ဆွဲချကာပြန်ပြင်လိုက်ပြီးနောက် သူ့ရှေ့ကလူတွေကို စိုက်ကြည့်ပေးလိုက်ပြီးမှ အိမ်တော်ထဲသို့ဝင်လာလိုက်သည်။ အိမ်တော်ထဲရောက်တော့ ရွိုင်နဲ့အမြဲတမ်းတွေ့နေရတဲ့သူက အိမ်ပေါ်ထပ်ကနေဆင်းလာပြီး ရှိုင်းထက်မြိုင်ကို အရိုအသေတစ်ချက်ပေးလိုက်ကာ ရွိုင်ရှိရာဆီသို့လိုက်ပို့ဖို့ပြင်သည်။

"သူ့အခန်းထဲမှာပဲမလား ငါ့ဘာသာငါသွားလိုက်မယ်"

"ကောင်းပါပြီ"

နေဇော်က သူ့အိမ်သူ့ယာလို အိမ်ပေါ်ထပ်တက်သွားတဲ့လူကိုကြည့်ရင်း ခေါင်းအနည်းငယ်ခါရမ်းမိလိုက်သည်။

ရှိုင်းထက်မြိုင်တစ်ယောက် ရွိုင့်ရဲ့အိပ်ခန်းတံခါးရှေ့ရောက်တော့ အခန်းတံခါးရဲ့သော့ဖွင့်တဲ့ဘက်ခြမ်းက Scan ဖတ်ရတဲ့နေရာမှာ သူ့လက်မနဲ့ထိကပ်လိုက်စဉ် တံခါးကပွင့်သွားတာကြောင့် ရှိုင်းထက်မြိုင် မျက်ခုံးတစ်ဖက်ပင့်တက်သွားရသည်။

*ခုချိန်ထိ ငါ့လက်ဗွေရာက တံခါးဖွင့်လို့ရနေသေးတာလား....*

ရှိုင်းထက်မြိုင် အိပ်ခန်းထဲဝင်လိုက်တော့ ရွိုင်ကသူ့ကိူကျောပေးကာ ရပ်နေရာကနေ သူ့ဘက်လှည့်လာသည်။ အလုပ်လုပ်နေတယ်ထင်ပါရဲ့ လေးထောင့်မကျတကျ မျက်မှန်အကြည်ရောင်ကိုတပ်ဆင်ထားပြီး လက်တစ်ဖက်ကလည်း macbook ကိုကိုင်ထားတာတွေ့ရသည်။

"ကိုယ်ကမျှော်နေတာ"

"မင်းဘာလို့ ငါ့လက်အောက်ငယ်သားတွေကိုဖမ်းရတာလဲ"

"ကိုယ့်ကိုစွတ်စွဲရအောင် သက်သေရှိလား "

"ဒီလိုအောက်တန်းကျတဲ့အလုပ်ကိုလုပ်တဲ့သူက မင်းပဲရှိတာလေ"

ROYL (Ongoing)Where stories live. Discover now