Part 22

848 23 4
                                    


မြိုင်လည်းနှုတ်ဆက်ပြီး အိမ်ပြင်ထွက်လိုက်တဲ့အချိန် တစ်ဖက်ကဝရံတာမှာ လက်သည်းကိုက်ရင်းရပ်နေတဲ့ စိုင်းမိန်းသျှန်ခကိုတွေ့လိုက်ရတာကြောင့် သူအံ့ဩသွားခဲ့သည်။

"ဟင် စိုင်းမိန်းသျှန်ခပါလား"

ထို့အပြင် လက်သည်းကိုက်နေတဲ့ စိုင်းမိန်းသျှန်ခကလည်း သူ့ကိုမြင်သွားသည်။

"ပီသျှန်ခကို သိနေတာလား"

"ဆိုပါတော့"

စိုင်းနွံဟန်လျန်းရဲ့အမေးကိုဖြေလိုက်ပြီး ရှိုင်းထက်မြိုင် စိုင်းမိန်းသျှန်ခရှိရာဘက်သို့သွားလိုက်သည်။ စိုင်းနွံဟန်လျန်းကတော့ သူ့အကိုရှိရာဘက်ကိုကြည့်ပြီးနောက် သူ့မျက်ခုံးနှစ်ခုဟာထိစပ်လုနီးပါးဖြစ်သွားခဲ့သည်။

"သျှန်ခ ဒီကိုဘာလာလုပ်တာလဲ အလုပ်ကိစ္စနဲ့ပဲလား"

" ဒါကငါ့အိမ်လေ"

"ဟင် မင်းက ဘိန်းရာဇာရဲ့သားလား ငါမသိခဲ့မိဘူး"

မြိုင်ပြောတော့ သျှန်ခက အသာရယ်သည်။ သူ့နောက်ကြောင်းကို မြိုင့်အား ရွိုင်ကော သူပါတစ်ခါမှမပြောခဲ့ဖူးတာကြောင့်ပေ။သူစကားပြောမယ်ပြင်တော့ မြိုင့်အနောက်ကနေ လိုက်ပါလာတဲ့ကောင်ကြောင့် သျှန်ခတစ်ယောက် စိတ်ပျက်သွား​၏။ ထို့ကြောင့် တမင်သက်သက် နွံဟန်လျန်းကြားအောင်လို့ သျှန်ခက မသိမသာရင်ကော့ကာ ဦးခေါင်းအနည်းငယ်မော့လိုက်ပြီး

"ဟုတ်တယ် ငါကဒီအိမ်ရဲ့သခင်နဲ့ခေါင်နန်းဒေဝီ(မယားကြီး)တို့ရဲ့ သားအကြီးဆုံးပဲ"

သျှန်ခရဲ့စကားအဆုံး နွံဟန်လျန်းက လက်သီးဆုပ်ကာ အံကြိတ်လိုက်တာကို သျှန်ခ မျက်လုံးထောင့်ကနေ မြင်လိုက်ရသည်။မသနားဘူးဟေ့ကောင်.... မင်းအမေက ငါ့ရဲ့မယ့်(အမေ)ကိုစိတ်ဆင်းရဲအောင်လုပ်ပေါင်းများနေပြီ။ မင်းအမေကြောင့်သာ ပေါ့က မယ့်အပေါ်အချစ်တွေလျော့သွားတာ။

"တကယ်ကြီး "

"အင်းပါဆို"

မြိုင် တော်တော်လေးအံ့ဩသွားခဲ့တယ်လို့ပြောရမယ်။သျှန်ခကို ဘိန်းရာဇာရဲ့ပထမဇနီးနဲ့ရတဲ့ ကလေးလို့ သူတကယ်မထင်ထားခဲ့မိတာပါ။ ဒယ်ဒီအရင်ကပြောဖူးတယ် ဘိန်းရာဇာကြီးနဲ့သူရဲ့ပထမဇနီးက ငယ်ချစ်တွေဖြစ်ကြတဲ့အပြင် သူ့ရဲ့ပထမဆုံးသားဖြစ်သူကိုလည်း တော်တော်လေးချစ်တယ်ဆိုပဲ။

ROYL (Ongoing)Where stories live. Discover now