မနက်ဖြန် အင်းလေးသွားရမယ်ဆိုတော့ စောစောစီးစီးအိပ်ဖို့တွေးထားပေမယ့်လည်း မျက်စိကြောင်နေကာ အိပ်မပျော်နိုင်သေးဖြစ်နေတာကြောင့် ရှိုင်းထက်မြိုင် ကုတင်ပေါ်မှာ ဟိုလှိမ့်ဒီလှိမ့်နဲ့လူးလိမ့်နေတော့သည်။ညီညီကလည်း သူ့ဘေးမှာအိပ်နေတာဆိုတော့ ညီညီမနိုးအောင်လို့ အသာလေးထလာခဲ့လိုက်ပြီး ရွိုင့်ရဲ့အိပ်ခန်းဆီသို့သူသွားလိုက်တယ်။ အခန်းတံခါးသွားခေါက်တော့ အထဲမှာရှိနေတဲ့ရွိုင်က တံခါးလာဖွင့်သည်။
"မြိုင် မအိပ်သေးဘူးလား ဘာများဖြစ်လို့လဲ"
သူတစ်ခုခုဖြစ်နေတယ်အထင်နဲ့ရွိုင်က သူ့နှဖူးကိုလက်နဲ့လာစမ်းသပ်နေတာကြောင့် ရှိုင်းထက်မြိုင် ရွိုင့်ရဲ့လက်ကိုပုတ်ထုတ်လိုက်တယ်။
"ငါ့ကို အရင်ပေးဝင်ပါအုန်း"
ရှိုင်းထက်မြိုင် အခန်းထဲဝင်ပြီးနောက် ရွိုင်လည်းတံခါးပြန်ပိတ်လိုက်ကာ နောက်ကိုလှည့်ကြည့်လိုက်စဉ် ရုတ်တရက် ရှိုင်းထက်မြိုင်က သူ့ပါးကိုကိုင်ကာ လာနမ်းသည်။
"ငါတို့ sex လုပ်ရအောင်"
"ဟင်...အခုချိန်ကြီလား"
"မင်းကမလုပ်ချင်ဘူးလား"
"မဟုတ်ပါဘူးမြိုင်ရဲ့ မနက်ဖြန်မထနိုင်ပဲနေမှာဆိုးလို့ပါ"
"ငါအောက်မှာနေမယ်လို့မင်းကိုပြောလို့လား ဒီတစ်ခါငါအပေါ်မှာနေမှာ"
ရွိုင်က ဘာမှမပြောဘဲနဲ့ ရေပြင်လိုငြိမ်သက်နေတဲ့မျက်နှာနဲ့ သူ့ကိုစိုက်ကြည့်နေတာကြောင့် ရှိုင်းထက်မြိုင် မျက်မှောင်ကျုံ့ကာကြည့်လိုက်မိသည်။
"မင်း ဘာရာသီခွင်လဲ"
"Virgo"
"အေးပေါ့လေ အဲ့လောက်မျက်နှာကြောတင်းနေတဲ့ကောင်က virgo ဖြစ်တာမဆန်းပါဘူး ပြီးတော့ virgo တွေကထန်ပါတယ် မင်းကျမှ ဈာန်ရနေတဲ့ရသေ့ကျနေတာပဲ"
"မောင် ထန်မထန်သိချင်လား"
"နေအုန်းနော် ငါအပေါ်မှာနေမှာ အွန့်..."
ရွိုင်က မြိုင့်ရဲ့ခါးကိုလှမ်းဖက်လိုက်ကာ နူးညံ့တဲ့အနမ်းနဲ့စတင်လိုက်ပြီးနောက် ခနအကြာ ပြင်းရှတဲ့အနမ်းဘက်ကိုကူးပြောင်းလိုက်သည်။ မြိုင်ကလည်း ရွိုင့်နည်းတူ မလျော့သောဇွဲလုံ့လတို့ဖြင့် ပြန်လည်နမ်းရှိုက်နေခဲ့သည်။ အသံတွေကျယ်လောင်စွာကြားရတဲ့အထိ နမ်းရှိုက်နေကြရင်းမှ ရွိုင်က မြိုင့်ရဲ့ အင်္ကျီအောက်ထဲလက်လျှိုဝင်လိုက်ကာ ဗိုက်ကိုစတင်ပွတ်သပ်တော့သည်။ ရွိုင့်ရဲ့လက်ဖဝါးကြီးက သူ့ရဲ့ခန္ဓာကိုယ်အနှံ့ ပြေးလွှားနေတာကြောင့် မြိုင့်ရဲ့စိတ်တွေ ပိုမိုထကြွလာတော့သည်။ ရွိုင်က မြိုင့်ရဲ့ ရင်ဘတ်က နီနီရဲရဲနှစ်ခုကို လက်နဲ့ပွတ်ချေနေပြီး အနမ်းကိုလည်းမလစ်ဟင်းရအောင် အချိန်နဲ့တပြေးညီလုပ်ဆောင်နေသည်။
YOU ARE READING
ROYL (Ongoing)
AkčníRed Flag ကြိုက်ရင် ဒါလေးဖတ် ❤ မွန်ဒီပမောင် (ROYL) + ရှိုင်းထက်မြိုင် ❤