Part 12

1.1K 24 1
                                    

အိပ်ယာဘေးဆီက ဖုန်းမြည်သံကြောင့် အိပ်ချင်မူးတူးနဲ့လှမ်းယူလိုက်ပြီး Screen မှာပေါ်နေတဲ့ accept ဆိုတာလေးကိုနှိပ်လိုက်တယ်။

*အင်းး*

*မင်းအဲ့အခန်းထဲကနေ မထွက်လာသေးဘူးလား*

တစ်ဖက်ကနေ ကြယ်တံခွန်ရဲ့စကားသံကြောင့် ရွိုင် လက်ရှိဖြစ်ပျက်နေတဲ့အကြောင်းအရင်းတွေကို ခေါင်းထဲမှာတစ်ခုချင်းဆီ သေချာပြန်စဉ်းစားမိလိုက်တယ်။ထိုစဉ် မိမိရဲ့ဘယ်ဘက်လက်မောင်းပေါ်မှာ ခေါင်းတင်ပြီးအိပ်စက်နေတဲ့လူသားကိုပါမြင်တွေ့လိုက်ရတာကြောင့် ရွိုင်ပြုံးမိလိုက်တယ်။

*ဟေ့ကောင် ငါပြောတာကြားလား*

ဖုန်းထဲက ကြယ်တံခွန်ရဲ့အသံကိုလစ်လျူရှုလိုက်ပြီး ဖုန်းကိုပိတ်လိုက်သည်။ ထို့နောက်ခန္ဓာကိုယ်ကိုဘေးသို့စောင်းလိုက်ပြီး  ရင်ခွင်ထဲနှစ်မြုပ်နေတဲ့ မျက်နှာလေးကိုတစ်စိမ့်စိမ့်ကြည့်နေရတာက သူ့အတွက် နိုးထရတဲ့မနက်ခင်းတိုင်းမှာ ဒီနေ့ကအသာအယာဆုံးနေ့လို့သတ်မှတ်လို့ရနေသည်။ နှဖူးပေါ်ဝဲကျနေတဲ့ အညိုရောင်ဆံနွယ်လေးတွေကို လက်ညိုးလေးနဲ့ဖယ်ထုတ်လိုက်ပြီး ပထမဦးစွာပေါ်လာတဲ့ မကျဉ်းမကျယ်နှဖူးလေးဆီသို့ တိုးကပ်သွားလိုက်ကာ သူ့နှုတ်ခမ်းနဲ့ထိကပ်စေလိုက်သည်။ ထို့နောက် ပါးလေးဆီသို့ မထိတထိအနမ်းလေးတွေလိုက်လံပေးနေမိကာ သူ့မှာ ဒီလူသားလေးကိုချစ်လို့မဝဖြစ်နေရသည်။ ကြောင်လေးတစ်ကောင်လို မထိတထိလိုက်နမ်းနေတဲ့သူကြောင့် ရှိုင်းထက်မြိုင်တစ်ယောက် အိပ်ချင်မူးတူးနဲ့ လွန့်လူးလာတော့သည်။

"အင်းးးး.. ငြိမ်ငြိမ်နေ"

"Goodmorning Babe"

"ချီးကိုဘေဘီလား"

မျက်စိကသာမဖွင့်နိုင်သေးတာ ဆဲဖို့ကတော့ အားအင်အပြည့်။

"စောစောစီးစီး ဆဲနေတယ်ပေါ့"

"ဆဲတာတောင် အချိန်နဲ့အခါနဲ့ ရွေးဆဲနေရမှာလား"

ပြောရင်းဆိုရင်းနဲ့ ရှိုင်းထက်မြိုင် ရုတ်တရက်ကြီး ကုန်းထလိုက်တာကြောင့် အောက်ပိုင်းတစ်နေရာက စူးကနဲနာကျင်မှုဖြစ်သွားရပြီး မျက်နှာရှုံ့မဲ့သွားသည်။

ROYL (Ongoing)Where stories live. Discover now