Part 13

842 21 0
                                    

ရာသီဥတုက အုံ့မှိုင်းမှိုင်းနဲ့ လေတွေတဖြူးဖြူးတိုက်ခတ်နေတဲ့ ညနေခင်းအချိန်အခါလေးက လွမ်းမောဖွယ်ကောင်းလောက်အောင် သိပ်ကိုအထီးကျန်ဆန်လွန်းလှနေသည်။အိပ်ခန်းထဲကနေ အပြင်ဘက်မြင်ကွင်းကိုကောင်းစွာမြင်ရဖို့အတွက် နံရံတစ်ခုလုံးကို မှန်ဖြင့်သာဆောက်လုပ်ထားပြီး လိုက်ကာကြီးတွေဖြင့် ကာရံထားသည်။ မှန်နံရံကိုကာထားတဲ့ လိုက်ကာကြီးတွေကို ရွိုင်က remote ဖြင့်ဖွင့်လိုက်ပြီး မှန်တံခါးကိုပါဖွင့်လိုက်သည်။ မှန်တံခါးရဲ့အပြင်ဘက်မှာ လေသာဆောင်လိုမျိုး ထပ်ပြီးဆောက်လုပ်ထားတာကြောင့် တကူးတကအိမ်အပေါ်ဆုံးထပ်ကိုသွားစရာမလိုဘဲ မိမိအခန်းထဲမှာသာ ထွက်လိုက်ဝင်လိုက်ဖြင့် စိတ်ကြိုက်သွားလာလို့ရနေသည်။

အပေါ်ပိုင်းဗလာနဲ့ အောက်ပိုင်းကိုကျ Local cotton pants ကိုဝတ်ဆင်ထားတဲ့ ရွိုင်က Moscato white wine ကို ဇိမ်ပြေနပြေသောက်နေကာ အပြင်ဘက်ရှုခင်းကိုလှမ်းကြည့်နေသည်။ ဝိုင်းရဲ့ခပ်ပြင်းပြင်းအရသာလေးက နှုတ်ခမ်းဖျားကနေတစ်ဆင့် လည်ချောင်းဆီသို့ပျော်ဝင်စီးဆင်းသွားတိုင်း သူ့အတွေးတွေက ခေါင်းထဲမှာ တစ်ဖြည်းဖြည်းကျယ်ပြန့်လာခဲ့သည်။

နောက်ကြောင်းပြန်ခြင်း....

စာအုပ်ပေါင်းမြောက်များစွာရှိတဲ့ စာဖတ်ခန်းတစ်ခုမှာ ရွိုင်က သူ့ကိုကျောပေးထားတဲ့လူတစ်ယောက်ကို ဒူးထောက်ကာ တစ်ခုခုကိုအသည်းအသန်တောင်းဆိုနေခဲ့သည်။ လိုချင်တာကိုမရရအောင်ယူတတ်တဲ့ရွိုင်က ဒီတစ်ခေါက်သူလိုချင်တဲ့အရာကိုဇွဲမလျော့တမ်းတောင်းခံနေခဲ့သလို သူ့ကိုကျောပေးထားတဲ့လူကလည်း ရွိုင့်နည်းတူခေါင်းမာကာ ရွိုင့်ရဲ့တောင်းဆိုချက်ကိုငြင်းဆန်နေတုန်းပေ။

"အခုငါ့အခန်းထဲကထွက်သွားလိုက်တော့"

ထိုလူရဲ့အသံကပြတ်သားနေကာ ပြောပြီးသားစကားကို ပြန်မပြင်ချင်တော့တဲ့လေသံပါဝင်နေသည်။ ရွိုင်ကလည်း ခေါင်းမာမြဲ ခေါင်းမာဆဲပင်...

"ဖေဖေခွင့်မပြုမပေးမချင်း ကျွန်တော်ထွက်မသွားဘူး"

"သားမောင် မင်းကဘယ်သူနဲ့တူလို့အဲ့လောက်ထိခေါင်းမာနေရတာလဲ"

ROYL (Ongoing)Where stories live. Discover now