part -1(U)

34.4K 995 34
                                    

"အမိန့်
အဖဦးမင်းသစ်၏သား တရားခံမင်းသွေးသစ် အသက်နှစ်ဆယ့်ငါးနှစ်သည် မြလွန်းနွယ်အားအတင်းအဓ္ဓမကျင့်ရန်ကြံစည်မှုနှင့် ဦးနိုင်​မြတ်အားသတ်ရန်ကြံစည်မှုတို့မှာ ထင်ရှားသဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ်ငါးနှစ်ကျစေ"

စီရင်ချက်ချသံကြားပြီးသည်နှင့် သူ၏စိတ်နှလုံးသည် အလွန်မြင့်မားသော ကုန်းမြင့်ပေါ်မှအောက်အနက်ဆုံးသို့ တွန်းချခံလိုက်ရသလိုပင်။သူဘာကိုမှခံစား၍မရတော့ပေ။သူ၏နားထဲတွင်လည်း မည်သည့်အသံကိုမှ ကြားနိုင်းစွမ်းမရှိတော့ဘဲ ငူငူငိုင်ငိုင်ဖြစ်၍နေလေသည်။

"သား ကိုသစ်"

"ဗျာ မေမေ"

မေမေ့အသံကြားမှ သူ့အသိစိတ်ပြန်ကပ်လာခဲ့သည်။မေမေသည်သူ့ကိုကြည့်၍ငိုနေခဲ့သည်။မေမေဘာလို့ငိုနေတာလဲ။မေမေက ကျွန်တော့ကိုမယုံခဲ့တာမဟုတ်ဘူးလားလို့ အော်မေးလိုက်ချင်ပေမယ့်သူ့အသံထွက်မလာခဲ့ပါ။နာကြည်း ဒေါသထွက် ဝမ်းနည်းရလွန်းလို့ သူ့ရင်ဘက်ထဲမှာအလုံးကြီးဆို့နေသလိုပင်။

"မေမေ ကျွန်တော့်ကိုမယုံဘူးလားဟင်"

"သားကိုမေမေယုံပါတယ် ဒါပေမယ့်"

"မေမေ့ယောက်ျားကိုပိုယုံတယ်မဟုတ်လား"

သူ့အသံကျယ်သွားသည်ထင်ပါသည်။သူ့ကိုလက်တစ်ဖက်စီကကိုင်ထားသောရဲသားနှစ်ယောက်က သူ့ကိုသတိပေးသလို သူ၏ကျောကိုရိုက်လေသည်။

"မိန်းကလေးရဲ့သိက္ခာကရှိသေးတယ်လေ သားရယ်"

"အဲ့ဒီမိန်းမကလိမ်နေတာလို့ မေမေရဲ့ အဲ့မိန်းမနဲ့မေမေ့ယောက်ျားနှစ်ယောက်ပေါင်းပြီးလိမ်နေကြတာ"

"တော်တော့ ကိုသစ် အမှားလုပ်ထားတဲ့သူကအပြစ်ခံရမှာပဲ မင်းကိုမေမေပြောနေတာ မင်းအတွက်ပြောနေတာ မင်းဖေဖေလို့တဏှာစိတ်ကြီးတဲ့သူမဖြစ်ရအောင် မေမေလုပ်သင့်တာကိုလုပ်လိုက်တာဘဲ"

ပြောရက်လိုက်တာ။တဏှာစိတ်ကြီးတယ်တဲ့လား။သူကိုယ်တိုင်တောင် သေချာမသိလိုက်တဲ့ ပြသနာတစ်ခုကိုဝင်ဖြေရှင်းခဲ့ရသည်။ရလဒ်ကတော့ သူဟာ မုဒိန်းကောင်အဖြစ်နဲ့ ထောင်ထဲဝင်ရတော့မည်။မေမေကတောင်သူ့ကိုမယုံခဲ့ပေ။

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now