part-6(U)

9.6K 562 27
                                    

ကိုလတ်သည်သူ့သူငယ်ချင်းဖွင့်ထားသော ဝပ်ရှော့သို့ရောက်နေသည်။သူရောက်တည်းက သူငယ်ချင်းဖြစ်သူမိုးဝင်းက မအားသေးတာကြောင့်စကားမပြောရသေးပေ။ဆိုင်ထဲတွင်သူလိုက်ကြည့်နေလိုက်သည်။ခဏကြာမှမိုးဝင်းရောက်လာလေသည်။

"စောင့်ရတာကြာသွားလား ကိုလတ်"

"မကြာသေးပါဘူး ငါလည်းလျှောက်ကြည့်နေတာ"

"အေးကွာ မင်းထောင်ကလွတ်လာတယ်ကြားတော့ ငါလည်းလာချင်နေတာ အလုပ်တွေကမင်းမြင်တဲ့အတိုင်းဘဲငါ့ကောင်ရေ မအားဘူးဟ"

"မင်းဝပ်ရှော့ကဆိုးတော့မဆိုးဘူးကွ အလုပ်ရသားဘဲ"

"အေး လူလည်းလိုနေတာကွ နှစ်ယောက်လောက်"

မိုးဝင်းကထိုသို့ပြောလိုက်တော့ ကိုလတ်၏ခေါင်းထဲသို့အတွေးတစ်ခုဝင်လာလေသည်။သူဌေးသားကိုလည်း ကားပြင်ခိုင်းရမှာဘဲပေါ့။အလုပ်မှမရှိတာ။

"မင်းဝပ်ရှော့မှာလူနှစ်ယောက်လိုတယ် ဟုတ်လား ငါနဲ့ငါ့အိမ်ကိုပါလာတဲ့ကောင်လေးနဲ့လုပ်မယ် ရမလား"

"ဟာ ကိုလတ်ရမင်းအရင်လုပ်ခဲ့တဲ့ကုမ္မဏီကရော ဘွဲ့ရပြီးသားလူတစ်ယောက်က ကားဝပ်ရှော့မှာအလုပ်လုပ်မလို့လား မဖြစ်နိုင်တာငါ့ကောင်ရ"

"ငါလုပ်ခဲ့တဲ့ကုမ္မဏီက ထောင်ထွက်တစ်ယောက်ကိုအလုပ်ပြန်ခေါ်ပါ့မလား တခြားကုမ္မဏီတွေလည်းအဲ့အတိုင်းဘဲပေါ့ ကိုယ်ရေးရာဇဝင်မှာထောင်ထွက်ဆိုတာကြီးကပါနေမှာလေ ဘယ်သူကအလုပ်ခေါ်ချင်ပါ့မလဲ မင်လည်းငါကထောင်ထွက်မလို့အလုပ်မခေါ်ချင်တာလား"

"မဟုတ်ပါဘူးကွာ ငါကမင်းရထားတဲ့ဘွဲ့ကိုနှမြောလို့ပါ ကဲ မနက်ဖြန်ကျရင်မင်းအိမ်ကကောင်လေးကိုပါခေါ်ပြီးအလုပ်စဆင်း သိပ်တော့လုပ်တက်မှာမဟုတ်ဘူးဆိုတော့ ငါ့ကောင်တွေသင်ပေးလိမ့်မယ်"

"အေး ငါပြန်လိုက်အုံးမယ် မနက်ဖြန်လာခဲ့မယ်"

မိုးဝင်းကိုပြောပြီးပြန်လာတဲ့လမ်းတစ်လျှောက်မှာ သူ့အားနှုက်ဆက်ကြသည်လူတွေကိုပြန်၍နှုက်ဆက်ခဲ့သည်။ထောင်ထွက်တစ်ယောက်ကိုယခုလိုခင်ခင်မင်မင်နှုက်ဆက်ကြသည်က အံ့သြ္ို့ကောင်းပေမယ့် သူတော့အထူးတလည်အံ့သြမနေပါ။သူထောင်ကျရသည့်အကြောင်းရင်းကို ရပ်ကွက်ထဲကလူတွေသိသည်မဟုတ်လား။

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now