part-25(U)

7.6K 374 17
                                    

ကိုလတ် ကုမ္မဏီကပိုင်သော ကုန်တိုက်တစ်ခုတွင် ပစ္စည်းစစ်ဖို့ရောက်နေသည်။မင်းသွေးသစ်၏အတွင်းရေးမှူး အိမြတ်ဆိုသောကောင်မလေးလည်း ပါလာသည်။မင်းသွေးသစ်ကတော့ ပြီးရင်လိုက်လာမယ်ဟုဆိုသည်။

အိမြတ်က ကိုလတ်ကိုသဘောကျနေသော်လည်း ကိုလတ်ကအင်းမလုပ်အဲမလုပ်သောကြောင့် အိမြတ်ဘက်ကငြိမ်နေခြင်းပင်။အိမြတ်က မိန်းကလေးဆန်သည်။အိန္ဒြရှေိသည်။သို့သော် ကိုလတ်အိမြတ်ကို ရင်မခုန်မိပေ။

အိမြတ်ကိုမြင်လျှင် အမြဲတမ်းနမော်နမဲ့နိုင်တက်တဲ့ ကလေးမကိုမြင်ယောင်မိသည်။အိမြတ်ပြုံးလျှင် လှပေမယ့် အသံကျယ်ကြီးနှင့်အော်ရယ်တက်သော ကလေးမကိုမမှီဘူးဟုသူထင်မိသည်။ပေါက်ကရတွေတွေးနေတာ ရပ်သင့်နေပြီကိုလတ်ဟု သူ့ကိုယ်သူပြန်ပြောမိသည်။ငယ်ရွယ်သူလေးရဲ့စိတ်ကို ဒဏ်ရာတွေမပေးသင့်ပေ။မဖြစ်နိုင်ပါဘူး ကေလးမေ​ရယ်။

"ကိုလတ် ဒါလေးအိမြတ်နဲ့လိုက်မယ်လို့ထင်လား"

အိမြတ်ကအင်္ကျီတစ်ထည်ယူလာပြီး သူမကိုယ်ပေါ်ကိုတင်ကြည့်ကာ သူ့ကိုမေးလာသည်။သူက ထိုသို့မကြည့်ပေးတတလပေမယ့် အိမြတ်ကိုအားနာတာကြောင့် ပြုံး၍ခေါင်းညိတ်ပြီးပြန်ဖြေလိုက်သည်။

"လိုက်ပါတယ် အိမြတ်"

"ဟုတ် ဒါလေးယူလိုက်မယ်"

ကိုလတ်ခေါင်းသာညိတ်ပြလိုက်သည်။ပစ္စည်းများကိုသေချာလိုက်ကြည့်ပေးပြီး ဝန်ထမ်းကောင်မလေးများကို လိုအပ်တာတွေပြောပြီးပြီမို့ လုပ်စရာမရှိတော့သည်ကြောင့် ဈေးလိုက်ဝယ်နေခြင်းဖြစ်သည်။ကိုလတ်ခေါင်းစည်ကြိုးတွေတင်ထားသော နေရာသို့အရောက်တွင် ဖဲပြားလေးတွေကိုမြင်ပြီး တစ်စုံတစ်ယောက်နှင့်လိုက်မည်ထင်ကာ ဝယ်ပေးရန်ဆုံးဖြတ်လိုက်သည်။

"ဆံပင်ရှည်တော့ ဒါလေးတွေနဲ့လိုက်မှာပါ"

"ကိုလတ် ဘာတွေဝယ်နေတာလဲ"

အိမြတ်ကအနားကိုရောက်လာပြန်သည်။ကိုလတ် အကြံတစ်ခုကိုစဉ်းစားမိသည်။ဆံပင်ရှည်သည့်မိန်းကလေးနှင့်လိုက်မည့် ဆံညှပ်များ၊ခေါင်းစည်ကြိုးများကို အိမြတ်ကိုမေးပြီးဝယ်ရမည်။

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now