final(U)

12.3K 395 45
                                    

ကိုလတ်၏လက်ကိုချိတ်ပြီး သူရှိရာမင်္ဂလာခန်းမဆီသို့လျှောက်လာနေသော ကလေးလေးကိုကြည့်ပြီး မင်းသွေးသစ်ရင်ခုန်သံတွေဆူညံလို့နေသည်။ဒီနေ့ကသူနဲ့ကလေးလေးရဲ့ မင်္ဂလာနေ့လေးပင်ဖြစ်သည်။စာမေးပွဲဖြေပြီးသည့်ကလေးငယ်က အသက်လည်းပြည့်ပြီဖြစ်သောကြောင့် မင်္ဂလာဆောင်ဖို့အတွက် သူအမြန်ပင်စီစဥ်လိုက်သည်။ကလေးလေးနဲ့အတူနေရဖို့ နည်းနည်းလေးတောင်မစောင့်နိုင်တော့ပေ။

ကိုလတ်ဆီကနေပြီး နှစ်နှစ်ရဲ့လက်ကလေးကိုလွှဲပြောင်းယူလိုက်သည်။

"ငါကိုသစ်ကိုယုံလို့ နှစ်နှစ်ကိုမင်းရဲ့လက်ထဲကိုထည့်ပေးလိုက်တာမို့ သေချာပေါက်နှစ်နှစ်အပေါ်မှာ ကြင်နာပေးပါ"

"ကျွန်တော့်အသက်နဲ့ရင်းပြီး ကတိပေးပါတယ်ကိုလတ် ကလေးကိုဝမ်းနည်းအောင်မလုပ်ပါဘူး အကယ်၍လုပ်ခဲ့မိသည်ရှိခဲ့သော် ကိုလတ်ကကျွန်တော့်ကို ကြိုက်တဲ့အပြစ်ပေးနိုင်ပါတယ်"

ကိုလတ်ကသူ့ပခုံးကိုအသာပုတ်ပြီး စင်အောက်သို့ဆင်းသွားတော့သည်။သူတို့နှစ်ဦး၏မင်္ဂလာပွဲကို အရမ်းကြီးခမ်းခမ်းနားနားမလုပ်ချင်ဘူးဟု ပြောလာသောကလေးငယ်ကြောင့် အလယ်တန်းဟိုတယ်တစ်ခုမှာပင် ဘိုကင်ယူပြီး မင်္ဂလာပွဲကိုစီစဥ်လိုက်သည်။ဝတ်စုံကိုလည်း မြန်မာဝတ်စုံသာ ဝတ်ချင်သည်ဟုပြောလာသောကလေးငယ်ကြောင့် မြန်မာဝတ်စုံပင်စီစဥ်ခဲ့သည်။သူတို့နှစ်ယောက်စလုံးက အဖြူရောင်တိုက်ပုံနှင့် ချည်မျှင်လေးများပါသော လုံချည်(ပုဆိုး)ကိုဝတ်ဆင်ထားကြသည်။

ဘိတ်သိတ်ဆရာ၏ မင်္ဂလာသြဘာပေးသည့်အသံကို ကြည်နူးစွာဖြင့်နားထောင်နေလိုက်သည်။မင်္ဂလာမောင်နှံကို သင့်သင့်မြတ်မြတ်နေရန် ဆုံးမသြဝါဒပေးသည်။မင်းသွေးသစ်၏အဖေနှင့်နှစ်နှစ်၏မာမားကိုလည်း စင်ပေါ်သို့ခေါ်ပြီး ဆုံးမသြဝါဒပေးခိုင်းသည်။နှစ်နှစ်၏မာမားက နှစ်နှစ်ကိုမင်းသွေးသစ်ဆီသို့ သေချာအပ်လေသည်။မင်းသွေးသစ်၏အဖေပြောလိုက်သောစကားကြောင့် အားလုံးမှာထရယ်လိုက်ကြသေးသည်။အဖေပြောလိုက်သည်က

"ဒီမှာမင်းသွေးသစ် မင်းကြောင့်ငါ့သမက်လေးဝမ်းနည်းခဲ့ရင် မင်ကိုအိမ်ပေါ်ကငါကိုယ်တိုင် နှင်ချမယ်"ဟူ၍ပင်။

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now