part-10(U)

9.3K 543 40
                                    

နှစ်နှစ်သည်ကျူရှင်ကပြန်လာနေရင်းနှင့်ပင် လမ်းမှာဖိနပ်ပျက်သွားသည်မို့အခက်တွေ့နေသည်။ဖိနပ်အပျက်လေးကိုကြည့်ရင်းတိုးတိုးရေရွတ်လိုက်သည်က

"ဖိနပ်ရေ မင်းကစိတ်ကူးယဥ်ဆန်ပြီး လမ်းမှာပျက်ပေမယ့် ရုပ်ရှင်တွေထဲကလို မင်းသားလေးကဖိနပ်ဝယ်ပေးရအောင်လဲ ငါကမင်းသမီးမဟုတ်ဘူး ဖိနပ်ရဲ့"

နှစ်နှစ်သည်ထိုဖိနပ်ပျက်လေးကိုကြည့်နေသည်ကြောင့် သူနှင့်ခပ်လှမ်းလှမ်းမှသူ့ကိုကြည့်နေသောလူသုံးယောက်ကိုသတိမထားမိပေ။

"ဟေ့ရောင်တွေ ဟိုမှာအလှလေးဘဲကွ"

"ဟေ..ဟုတ်သားဘဲကွ"

"လာကြကွာ သွားကြမယ်"

"ဖြစ်ပါ့မလားကွ"

"ဖြစ်ပါတယ် ဒီလိုအလှလေးမျိုးကတွေ့ရခဲတယ်နော်"

ထိုလူသုံးယောက်သည် နှစ်နှစ်အနားသို့ချဥ်းကပ်သွားလေသည်။နှစ်နှစ်သည်ဖိနပ်ပျက်လေးကိုကိုင်ပြီး ဆက်သွားမည်အလုပ် သူ့နားသို့ကပ်လာသောလူသုံးယောက်ကြောင့်လန့်သွားရသည်။ဒီနားမှာလူလည်းပျက်သည်။သူ့ကိုတစ်ခုခုလုပ်သွားရင် ဘယ်လိုလုပ်ရပါ့မလဲ။

"ဟေ့..အလှလေး"

လူသုံးယောက်ထဲမှတစ်ယောက်က အလှလေးလို့ခေါ်လိုက်သည်က နှစ်နှစ်ကိုခေါ်မှန်းသဘောပေါက်လိုက်သည်။ဒီနားမှာနှစ်နှစ်တစ်ယောက်တည်းရှိနေသည်ကို။

"တကယ့်အလှလေးဘဲ..အဟွန်း"

"ဟို..ဒီ..ဒီက..အကိုတို့က ဘာလိုချင်လို့လဲဟင်"

"ငါတို့ကိုဘာလိုချင်လို့လဲတဲ့ ငါတို့လိုချင်တာကိုပြောရမလား"

"ဟို..ပြော..ပြောကြည့်လေ နှစ်နှစ်မှာရှိရင်ပေးမှာပေါ့"

နှစ်နှစ်မှာကြောက်နေသည်ကြောင့် စကားတွေထစ်ကာအသံတွေတုန်နေလေသည်။

"ငါတို့လိုချင်တာက "

"ဟုတ်ကဲ့ "

ပြောရင်းနှင့်ရှေ့တိုးလာသည်မို့ နှစ်နှစ်နောက်သို့ဆုပ်လိုက်သည်။ထိုလူကနှစ်နှစ်ရဲ့ပခုံးကိုလှမ်းကိုင်လိုက်ပြီး ပြောလိုက်သည်က

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now