part-11(U)

8.5K 500 18
                                    

မင်းသွေးသစ်သည်အလုပ်သွားရမည်မို့ အခန်းထဲတွင်အင်္ကျီလဲနေသည်။ထိုအချိန်တွင် နှစ်နှစ်၏တံခါးခေါက်သံကို ကြားလိုက်ရသည်။သေချာပေါက်သူ့ကိုလာနှိုးတာပေါ့။

"ကိုကိုရေ"

"တံခါးဖွင့်ပြီးဝင်ခဲ့နှစ်နှစ် ကိုကိုနိုးနေပြီ"

အခုတလောတွင်မင်းသွေးသစ်သည် နှစ်နှစ်နှင့်စကားပြောရာတွင် သူ့ကိုယ်သူ ကိုယ်ဟု မသုံးနှုန်းတော့ဘဲ ကိုကိုဟုသာသုံးနှုန်းဖြစ်သည်။

"ကိုကိုကအင်္ကျီတောင်လဲနေပြီ နှစ်နှစ်ကကိုကိုမနိုးသေးဘူးထင်တာ"

"ကိုကိုအလုပ်သွားရမှာလေနှစ်နှစ်ရဲ့ ဒီနေ့မှအလုပ်စဝင်တာဆိုတော့ နောက်ကျရင်မကောင်းဘူးလေ အဲ့ဒါကြောင့်စောစောထလိုက်တာ"

"ဟုတ်ကဲ့ ကိုကို.. ကိုကို့အင်းကျီကကြယ်သီးတပ်ရတာခက်နေတာလား "

ဟုတ်ပါသည်။ အင်္ကျီကအသစ်မို့ ကြယ်သီးတပ်ဖို့ခက်နေပါသည်။ပြောပြောဆိုဆိုနှင့်နှစ်နှစ်က ကြယ်သီးတပ်ပေးလာသည်မို့ သူ့မှာအံ့သြသွားရသည်။တစ်ဆက်တည်းမှာပင် ပျော်ရွှင်ကြည်နူးမှုကိုလည်း ခံစားလိုက်ရပါသည်။ဒီအခြေအနေသည် သူ၏ခင်ပွန်းအလုပ်သွားခါနီး အိမ်သူသက်ထားကအင်္ကျီကြယ်သီးတပ်​ပေးနေသည်နှင့် တူနေသည်မဟုတ်လား။

"ဟင်"

နှစ်နှစ်လည်း ကိုကို့အင်းကျီကြယ်သီးတပ်ရတာ ခက်နေသည်ကြောင့် ကိုယ်တိုင်တပ်ပေးလိုက်သည်။တဆက်တည်းတွေးမိသည်က ဒီလိုလုပ်ပေးသည်က လင်မယားတွေနှင့်သွားတူနေသည်တွေးပြီး မျက်နှာလေးမှာ ရဲနေလေသည်။ဘယ်လိုဖြစ်လို့ ဒီလိုကြီးတွေးလိုက်မိပါလိမ့်နော်။ကိုယ့်အတွေးနှင့်ကိုယ်ရှက်လို့ပင်မဆုံးသေး ကြယ်သီးတပ်ပေးပြီးအပေါ်သို့မော့ကြည့်ချိန်တွင် ကိုကိုကသူ့အားမျက်တောင်မခတ်တမ်းကြည့်နေသည်မို့ ရင်တွေတုန်သွားရသည်။

"ရွှတ်"

"ဟင်"

ရုတ်တရက်ကိုကိုက နှစ်နှစ်ရဲ့နှဖူးကိုငုံ့နမ်းလိုက်သည်မို့ နှစ်နှစ်မှာအစကကိုယ့်အတွေးနှင့်ကိုယ်ရှက်နေမိတာရော ကိုကို့သူ့အားစိုက်ကြည့်နေတာမို့ရှက်နေမိသည်ရော ပေါင်းပြီးနှစ်နှစ်၏မျက်နှာလေးမှာ ခရမ်းချဥ်သီးလိုနီရဲနေပြီဖြစ်သည်။

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now