part-8(Z)

3K 50 3
                                    

ဈေးထဲတွင်လူအများသည်တိုးဝှေ့လျက် သွားလာနေကြသည်။မင်းသွေးသစ်သည်နှစ်နှစ်ကိုလူအုပ်ကြားထဲ ပျောက်သွားမည်စိုးသောကြောင့် နှစ်နှစ်၏ပုခုံးလေးကိုနောက်မှထိန်းကိုင်ပြီး နှစ်နှစ်ကိုရှေ့ကသွားစေသည်။သူတို့နှစ်ဦးသည် နှစ်နှစ်၏စာရေးကိရိယာတွေဝယ်ရအုံးမည်ဆိုသောကြောင့်ဈေးထဲသို့ရောက်နေကြခြင်းဖြစ်သည်။

"ကိုကိုရေ မာမားရဲ့အထည်ဆိုင်သွားအုံးမယ်နော်"

"သွားလေ နှစ်နှစ်"

"ဟုတ်ကဲ့ ကိုကို"

"နှစ်နှစ်"

"ဗျာ ကိုကို"

"အန်တီထွေးကို ဘာလို့မားမားလို့ခေါ်တာလဲ"

"နှစ်နှစ်ရဲ့ပါးပါးကတရုတ်စပ်လေကိုကိုရဲ့ အဲ့ဒါကြောင့်ပါးပါးလို့ခေါ်ပြီး မာမားကိုကျတော့မာမားလို့ဘဲခေါ်ဖြစ်သွားတာ"

"အော် နှစ်နှစ်ကတရုတ်ဗမာကပြားလေးပေါ့"

"ဟီး ဟုတ်တယ်ကိုကို"

နှစ်နှစ်ကတရုတ်ဗမာကပြားလေးမို့ ချစ်စရာကောင်းလွန်းနေသည်လားမပြောတက်ပေ။နှစ်နှစ်ကိုမြင်သူတိုင်းက ချစ်ခင်ကြသည်။နှစ်နှစ်က မျက်နှာမြင်ချစ်ခင်ပါစေ အသံကြားသနားပါစေ ဟူသောဆုတောင်းများပြည့်ခဲ့လားမသိပေ။

နှစ်နှစ်သွားသည်နောက်လိုက်နေရင်း နှစ်နှစ်ကဆိုင်တစ်ဆိုင်ထဲသို့ဝင်သွားသည်ကြောင့် သူပါလိုက်ဝင်ခဲ့ရသည်။ဆိုင်ထဲတွင်အန်တီထွေးကိုတွေ့သည်မို့ အန်တီထွေးဖွင့်ထားသည့်အထည်ဆိုင်မှန်းသိလိုက်သည်။ဆိုင်ထဲတွင်ဝန်ထမ်းဖြစ်ဟန်တူသော မိန်းကလေးနှစ်ယောက်နှင့်ဝယ်သူဖြစ်ဟန်တူသော အခြားမိန်းကလေးသုံးယောက်ရှိနေသည်။

"မာမားရေ နှစ်နှစ်တို့လာတယ်"

"လာ သားလေး သားကိုကိုကအလုပ်နားတဲ့ရက်လေးနားပါစေသားရယ် ခေါ်လာခဲ့ရတယ်လို့"

"မာမားကလဲ ကိုကိုကကိုကို့ဘာသာလိုက်ပို့ပေးတာပါ နှစ်နှစ်ကကိုကို့ကိုမခေါ်ပါဘူး ကိုကိုဿိုကိုလိုက်ပို့ပေးမယ်ဆိုလို့ ကိုကို့ကိုခေါ်လာရတာပါ"

နှစ်နှစ်သည်ကိုကိုချင်းထပ်နေအောင်ပြောပြီး ဆိုင်ထဲမှဈေးဝယ်နေသောကောင်မလေးများကိုကြည့်လိုက်သည်။ဟွန်း နှစ်နှစ်နဲ့ကိုကိုဝင်လာတည်းက သူတို့မျက်လုံးတွေကကိုကို့ဆီရောက်နေတာ နှစ်နှစ်သိတာပေါ့။အဲ.. ဘာလို့မိန်ကလေးတွေက ကိုကို့ကိုကြည့်တာကို နှစ်နှစ်ကသဘောမကျမိတာပါလိမ့်။

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now