part-20(U)

8.3K 412 38
                                    

စုလေးမှာ စာအုပ်ဝယ်ပြီးအိမ်ပြန်သည့်အချိန်တွင် မိုးချုပ်တော့မည်ဖြစ်သည်။လမ်းတွင်လည်းလူပျက်နေပြီဖြစ်သည်။ကြောက်တာမျိုးတော့မဟုတ်ပေမယ့် လူပျက်သည့်လမ်းပေါ်တွင်တစ်ယောက်တည်းလျှောက်နေရသည်မို့ နည်းနည်းတော့လန့်နေမိသည်။

လျှောက်လာရင်း သူမရှေ့မှပိတ်ရပ်လိုက်သောလူတစ်စုကြောင့် စိတ်ပျက်သွားမိသည်။သူမတို့ကျောင်းစတက်တက်တဲ့နေ့က နှစ်နှစ်ကိုနှောက်ယှက်ကြသော ကျောင်းသားနှင့်သူ့အပေါင်းအပါများပင်ဖြစ်သည်။တကယ့်ကို ကျက်သရေပါပဲ။

"ဟဲ့ နန်းစုလေးနွယ်"

"ဘာလဲ"

"အမယ် နင့်လေသံကိုပြင်စမ်းပါ တစ်ခုခုဖြစ်ရင် ဒီနားမှနင့်ကိုကူညီစရာ ဘယ်သူမှမရှိဘူးနော်"

"ဟဲ့ သောက်ပိုတွေပြောမနေနဲ့ ဘာကိစ္စလဲ ငါ့ရှေ့ကပိတ်ရပ်တာ"

"နင့်ကြောင့် ငါကျောင်းကန်တင်းမှာအရှက်ကွဲရတာ အဲ့ဒါကြောင့်နင့်ကိုမကျေနပ်ဘူး"

"အဲ့ဒီတော့နင်ကဘာဖြစ်ချင်နေတာလဲ ငါပြန်ရအုံးမှာ နောက်ကျနေပြီဟဲ့"

စုလေးမှာ ပြောရင်းနှင့်ဒေါသထွက်နေမိပြီဖြစ်သည်။

"နင်ကငါ့ကိုကြိတ်ကြိုက်နေလို့ နင့်သူငယ်ချင်းကိုငါနှောက်ယှက်တာကိုမကြည်ဖြူနေတာမလား အဟက် နင်ငါ့ကိုကြိုက်တယ်ဆိုလဲရှင်းရှင်းပြောလို့ရပါတယ်"

"ငါက နင့်ကိုကြိုက်ရမယ် လဲသေလိုက်လေ"

"နောက်မှသေမယ် အခုတော့ ဟေ့ကောင်တွေ အဲ့ကောင်မလေးကိုဆွဲခေါ်လာခဲ့"

ထိုသူမှာသူ့သူငယ်ချင်းတွေကိုအချက်ပြလိုက်ပြီး သူမရှေ့သို့တိုးလာနေကြသည်။သူတို့ကစုစုပေါင်း သုံးယောက်ဖြစ်သည်။စုလေးအသင့်အနေအထားပြင်ထားလိုက်သည်။သူမအကိုသင်ပေးထားတဲ့ ကရာတေးက အလကားမှမဟုတ်တာလေ။

ထိုလူတွေထဲမှတစ်ယောက်က စုလေးရဲ့အိတ်ကိုလှမ်းဆွဲလိုက်သည်။စုလေးရှောင်ပြီး ထိုတစ်ယောက်ကိုလွယ်အိတ်နှင့်လှမ်းရိုက်လိုက်သည်။အခြားသူနှစ်ယောက်ဘာမှမလုပ်သေးခင် လက်ထဲမှကိုင်လာသောစာအုပ်နှင့်လှမ်းပေါက်လိုက်သည်။သူမတို့ရုန်းရင်းဆန်ခက်ဖြစ်နေတဲ့အချိန် ဘေးသို့လူတစ်ယောက်ရောက်လာသည်။ထိုသူက

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now