part-15(U)

8.4K 447 13
                                    

နှစ်နှစ်စာမေးပွဲအောင်သည့်အတွက် မာမားကနှစ်နှစ်ကိုဘာယူမလဲဟုမေးခဲ့သည်။နှစ်နှစ်က နောက်မှတောင်းမည်ဟုဆိုကာ မာမားဆီကလင်ဆောင်ကိုမယူရသေးပေ။နှစ်နှစ်လိုချင်သည့်အရာမှာလည်း ထွေထွေထူးထူးရှိမနေပါ။

ဦးလတ်ကတော့ နှစ်နှစ်အတွက်ဖုန်းတစ်လုံးဝယ်ပေးခဲ့သည်။ကိုကိုကတော့

"နှစ်နှစ် ဘာလိုချင်လဲ ကိုကိုဘာဝယ်ပေးရမလဲ"

"နှစ်နှစ်လိုချင်တာ ကိုကိုတကယ်ပေးမှာလား"

မင်းသွေးသစ်မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ဒီကလေးကဘာတွေတောင်းမလို့လဲ။

"ကဲ ပြောပါအုံး နှစ်နှစ်ကဘာလိုချင်တာလဲ"

"ကိုကိုတကယ်ပေးမှာလား လို့"

"ဟုတ်ပြီ ဟုတ်ပြီ နှစ်နှစ်လိုချင်တာက ကိုကိုပေးနိုင်တာဆိုပေးမယ်"

"နှစ်နှစ်ကို ကိုကိုသီချင်းဆိုပြပါလားဟင်"

"နှစ်နှစ်ကသီချင်းနားထောင်ချင်လို့လား"

"ကိုကိုဆိုပြတာ နားထောင်ချင်တာ"

"ဟုတ်ပြီ ကိုကိုဆိုပြမယ်နော် ဘာများလဲလို့ကွာ"

မင်းသွေးသစ်သည် အိမ်ထဲမှဂစ်တာကို သွားယူခဲ့သည်။ဂစ်တာကကိုလတ်ရဲ့ ဂစ်တာဖြစ်သည်။မင်းသွေးသစ်သည် ဂစ်တာကိုအကျွမ်းကျင်ကြီးမဟုတ်သော်လည်း အတော်အသင့်တော့တီးတက်သည်။ဂစ်တာယူလာပြီး သနပ်ခါးပင်လေးအောက်တွင်ထိုင်နေသော နှစ်နှစ်ကိုကြည့်လိုက်သည်။

မိုးရာသီရောက်နေပြီဖြစ်သောကြောင့် သနပ်ခါးပန်းများပင်ပွင့်နေလေပြီ။တိမ်များကြားမှ ထိုးထွက်လာဟန်ရှိသော လမင်းကြီးက နှစ်နှစ်ကိုများငုံ့ကြည့်နေတာလားဆိုပြီး သူ့မှာသဝန်တိုရသေးသည်။

ဘယ်လိုဘဲဖြစ်ဖြစ် နှစ်နှစ်ပင်တက္ကသိုလ်တက်ရတော့မည်ဖြစ်သည်။သူအတွေးလွန်နေစဥ်မှာပင် သနပ်ခါးပန်းပင်အောက်တွင် ထိုင်နေသောကောင်လေးဆီမှာ စိတ်မရှည်သလို ဆူအောင့်အောင့်အသံလေးထွက်လာလေသည်။

"ကိုကို့"

"ဟမ်..ဟင်"

"သီချင်းမဆိုသေးဘူးလား"

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now