part-19(U)

7.9K 411 23
                                    

ကုမ္မဏီ၏ ရှယ်ယာရှင်များအစည်းအဝေးတွင် ဦးမင်းသစ်ကမင်းသွေးသစ်ကို သူ့သားဖြစ်ကြောင်းကြော်ငြာရန်စီစဥ်ထားလေသည်။သူလည်းအသက်အရွယ်ရလာပြီမို့ သားဖြစ်သူကို ကုမ္မဏီကိုဦးစီးစေချင်ပြီဖြစ်သည်။

အစည်းအဝေးခန်းထဲတွင် ရှယ်ယာရှင်များလူစုံနေကြပြီဖြစ်သည်။သို့သော် CEOဖြစ်သူ ဦးမင်းသစ်ကတော့မရောက်သေးပေ။ရှယ်ယာရှင်များမှာ တစ်ယောက်တစ်ပေါက်ဖြင့် သူ့ထက်ငါ စီပွားရေးအကြောင်း သားသမီးတွေအကြောင်း ကြွား၍ပြောဆိုနေကြသည်။

ခဏအကြာတွင် ဦးမင်းသစ်အစည်းအဝေးခန်းသို့ ရောက်လာသည်။သူ့နောက်တွင် ကုမ္မဏီကိုဝင်တာသိပ်မကြာသေးသော ကောင်လေးလည်းပါလာသည်။ထိုကောင်လေးကတော့ မင်းသွေးသစ်ပင်ဖြစ်သည်။မင်းသွေးသစ်မှာ ကုမ္မဏီသို့ဝင်တာမကြာသေးသော်လည်း အရည်အချင်းရှိသူဖြစ်ရာ ရှယ်ယာရှင်အများစု၏ မျက်စိကျခြင်းကိုခံရလေသည်။မင်းသွေးသစ်ကို သူတို့၏လက်အောက်တွင် အလုပ်လုပ်စေချင်ကြသည်။

သူတို့မသိသည်ကတော့ မင်းသွေးသစ်က ထိုထက်မကသောအောင်မြင်မှုမျိုးနှင့် ထိုက်တန်သည်ဆိုသည်ကိုပင်။ဦးမင်းသစ်နှင့် မင်းသွေးသစ်၏ဆက်ဆံရေးကိုလည်း သူတို့နည်းနည်းလေးမှ သံသယမဝင်ပေ။မင်းသွေးသစ်က အရည်အချင်းရှိသူမို့ ဦးမင်းသစ်က ပစားထားသည်ဟုထင်ကြသည်။

ဦးမင်းသစ် ရှယ်ယာရှင်တစ်ယောက်ချင်းစီရဲ့ မျက်နှာတွေကိုသေချာလိုက်ကြည့်သည်။တစ်ချို့က စိတ်ထားမှန်ကြသော်လည်း တစ်ချို့ကစိတ်ထားယုတ်ကြသည်မှာ မျက်နှာမှာပင်ပေါ်သည်။ဦးမင်းသစ် ရှယ်ယာရှင်တစ်ဦးချင်းစီရဲ့ မျက်နှာကိုကြည့်ပြီးမှ ပြောစရာရှိသည်ကို စပြောတော့သည်။

"ကဲ အားလုံးပဲ ကျွန်တော်အသိပေးစရာလေးရှိတယ် အဲ့ဒီကိစ္စကိုမပြောခင် ကျွန်တော့မှာသားတစ်ယောက်ရှိခဲ့ဖူးတယ်ဆိုတာကို အားလုံးလည်းသိပြီးသားထင်ပါတယ်"

ရှယ်ယာရှင်အားလုံး ခေါင်းညိတ်ထောက်ခံကြသည်။ဒီကိစ္စက သူတို့အားလုံးသိပြီးသားဖြစ်သည်။

"ကျွန်တော်အခု ကျွန်တော့်သားကိုပြန်တွေ့ပြီ ပြန်တွေ့တာကတော့ကြာပါပြီ အခုမှမိတ်ဆက်ပေးရမှာ သူကတခြားသူမဟုတ်ပါဘူး ဟောဒီကမင်းသွေးသစ်ပါပဲ ဦးမင်းသစ်ရဲ့သား မင်းသွေးသစ်ပေါ့"

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now