part-17(U)

7.9K 424 24
                                    

မနက်စာထမင်းဝိုင်းတွင်ဖြစ်သည်။နှစ်နှစ်ရဲ့နှုတ်ခမ်းတွေမှာ ကိုကိုညကနမ်းထားသောကြောင့် အနည်းငယ်စူနေပြီး ပေါက်လည်းပေါက်နေသေးသည်။ထို့ကြောင့်နှစ်နှစ်မှာအစပ်မစားနိုင်ပေ။

ကိုကိုကတော့ အေးအေးလူလူပင်အစားမပျက်ပေ။လူဆိုးကြီး သူလုပ်လို့သူများအစပ်မစားနိုင်တာကို သူကတော့အေးအေးဆေးဆေးပဲ။

"နှစ်နှစ် ဟင်းတွေမထည့်စားပဲနဲ့ ဘာလုပ်နေတာလဲ "

"စပ်လို့ မာမားရဲ့"

"ဟင် အရင်တုန်းကတောင် ဒီလောက်အစပ်လေးကိုစားနိုင်ပြီးတော့"

"အခုက နှစ်နှစ်နှုတ်ခမ်းကွဲနေလို့ "

နှစ်နှစ်မှာ လိမ်လိုက်ရပြန်ပါသည်။ထိုစဥ်နှစ်နှစ်ရှေ့သို့ရောက်လာသော ပန်းကန်ထဲမှာအစပ်စုပ်ထားသော ပုစွန်လေးတွေ။နှစ်နှစ် ကိုကို့ကိုကြည့်လိုက်သည်။ကိုကိုက ပုခုံးတစ်ချက်တွန့်ပြီး မျက်စိတစ်ဖက်မှိတ်ပြလေသည်။

"ကဲ အပင်ပန်းခံပြီး အစပ်စုပ်ပေးရတယ်လို့ကိုသစ်ရယ် ဒီကလေးနှုတ်ခမ်းကွဲတာ အပူတွေနေမှာပေါ့ ရေချိုးပျင်းတာလေ"

နှစ်နှစ်နှုတ်ခမ်းကွဲအောင် ကိုကိုလုပ်တာဟုအော်ပြောပြလိုက်ချင်သည်။တကယ်ပဲ မာမားကကိုကို့ဘက်ကပဲပါနေ။

မင်းသွေးသစ် ထမင်းဝိုင်းစထိုင်တည်းက နှစ်နှစ်မျက်နှာဆူပုတ်နေတာကိုသိပါသည်။ညကသူနမ်းလိုက်တာ များသွားသည်ကြောင့် ကလေးရဲ့နှုတ်ခမ်း သွေးစို့ပြီးပေါက်သွားတာလဲသိပါသည်။ထို့ကြောင့် ပုစွန်တွေကို.သေချာအစပ်စုပ်ပေးထားတာဖြစ်သည်။

ထမင်းစားပြီးသောအခါ ကိုလတ်ကအလုပ်သွားရန်ပြင်တော့သည်။မင်းသွေးသစ်ကတော့ နှစ်နှစ်ကိုကျောင်းလိုက်ပို့ပြီးမှ ကုမ္မဏီသို့သွားမည်ဖြစ်သည်။သူဌေးက သူ့အဖေဆိုတော့လည်း သူ့အဖေပဲပေါ့။ဘာငြင်းရအုံးမှာလဲ။အဖေလည်းသေချာအကြောင်းစုံရှင်းပြပြီးပြီကို။အဓိကတရားခံကတော့ ဦးနိုင်မြတ်ပဲလေ။

"ကိုကို သွားရအောင်လေ "

"အင်း ကလေးပြီးရင်သွားကြမယ်လေ"

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now