part-29(U)

7.3K 322 27
                                    

ဂိုထောင်ပျက်ထဲတွင် နှစ်နှစ်သည် ထိုင်ခုံတစ်လုံးပေါ်တွင် ကြိုးချည်ခံထားရသည်။နှစ်နှစ် မှတ်မိသလောက်တော့ နှစ်နှစ်ကိုကို့ကားထွက်သွားတာကိုကြည့်ပြီး၊ ကျောင်းထဲဝင်မယ်အလုပ်မှာ နှစ်နှစ်ရဲ့မျက်နှာကိုပုဝါနဲ့အုပ်တာခံလိုက်ရပြီး ၊သတိရလာတော့ ဂိုထောင်ပျက်တစ်ခုတည်းရောက်နေပြီး၊ နှစ်နှစ်ကိုထိုင်ခုံပေါ်မှာထိုင်စေကာ ကြိုးတုပ်ထားသည်။

နှစ်နှစ်မသိတဲ့လူကြီးနှစ်ယောက်က နှစ်နှစ်ကိုစောင့်နေကြပြီး ခဏအကြာမှ အပြင်ကလူနှစ်ယောက်ဝင်လာသည်။ထိုနှစ်ယောက်ထဲကတစ်ယောက်က မပိုးဒါလီဖြစ်ပြီး လူကြီးတစ်ယောက်ကိုတော့နှစ်နှစ်မသိပေ။

အစကတော့နှစ်နှစ်ကို ဘာကြောင့်ဖမ်းခေါ်လာရလဲဆိုတာကိုနှစ်နှစ်နားမလည်ပေ။ဟိုဦးလေးကြီးကိုနှစ်နှစ်မသိပါ။မပိုးဒါလီနဲ့နှစ်နှစ်ကလည်း ရန်ငြိုးရှိတာမှမဟုတ်တာ။ထိုလူကြီးက ကိုကို့ဆီကိုဖုန်းဆက်မှသာ နှစ်နှစ်ကိုဖမ်းခေါ်လာရသည့်အကြောင်းကို သဘောပေါက်သည်။

နှစ်နှစ်ကိုဓားစာခံလုပ်ပြီး ကိုကို့ရဲ့ပိုင်ဆိုင်မှုတွေနှင့်လဲခိုင်းနေသည်။နှစ်နှစ်က ကိုကို့အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီလားဟု တွေးလိုက်မိချိန်တွင် မျက်ရည်များကျလာရသည်။နှစ်နှစ်က ကိုကို့ကိုထိခိုက်အောင်လုပ်နေမိပြီလား ဟုတွေးမိသည်။နှစ်နှစ်က ကိုကို့ကိုအရမ်းချစ်တယ်ဆိုပြီး ကိုကို့အတွက်ပြသနာဖြစ်အောင်လုပ်ခဲ့မိသည်။နှစ်နှစ်သာ စောစောကျောင်းထဲဝင်ခဲ့လျှင် ဒီလိုဖြစ်မည်မဟုတ်ပေ။

"မျက်ရည်လွယ်လိုက်တာ ဘာလဲ နင့်ကိုကိုကလာမခေါ်မှာစိုးလို့လား ဟုတ်ရင်လည်းဟုတ်မှာပေါ့လေ နင့်လိုကောင်လေးတစ်ယောက်အတွက် ကိုသွေးကသူ့ပိုင်ဆိုင်မှုတွေကိုဆုံးရှုံးခံမှာလည်း သူလာမခေါ်တော့လည်း နင်"

ပိုးဒါလီက စကားကိုဆက်မပြောပဲ နှစ်နှစ်ကိုကြည့်ပြီး နှစ်နှစ်ကိုစောင့်နေတဲ့ လူကြီးနှစ်ယောက်ထံမျက်စပစ်ပြသည်။နှစ်နှစ်ကထိုလူကြီးတွေကိုမျက်နှာငယ်လေးနဲ့ကြည့်လိုက်တော့ ထိုလူကြီးနှစ်ယောက်တည်းမှတစ်ယောက်က

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now