part-27(U)

7.5K 319 14
                                    

ဒီနေ့က နှစ်နှစ်ရယ်၊ ကိုကိုရယ်၊ ဦးလတ်ရယ် ပင်လောင်းသို့သွားမည့်နေ့ဖြစ်သည်။စုလေးကတော့ သူမအကိုရဲ့မင်္ဂလာဆောင်မို့ သုံးရက်လောက်အလိုတည်းက ပြန်သွားတော့သည်။ဦးလတ်နှင့်တော့ ဖုန်းအမြဲပြောနေတာတွေ့ရသည်။ ကိုကိုကတောင် သူ့အကြံကအသုံးဝင်သည်ဟုပြောနေသေးသည်။

နှစ်နှစ်က ဟိုရောက်လျှင်ဝတ်ဖို့အင်္ကျီများထည့်နေသည်။နေ့လည်ကျလျှင် ခရီးစထွက်မည်မို့ အဆင်သင့်လုပ်ထားခြင်းပင်။ကိုကိုနှင့်ဦးလတ်ကတော့ ကုမ္မဏီမှာလုပ်လက်စလေးတွေ လက်စသတ်ဦးမည်ဟုဆိုသည်။နှစ်နှစ်က ကိုကို့အတွက်အင်္ကျီကိုလည်း နှစ်နှစ်ကိုယ်တိုင်ထည့်ပေးထားလိုက်သည်။မာမားကလည်းလိုက်ချင်ပေမယ့် သူမရဲ့အထည်ဆိုင်လေးကို စိတ်မချသောကြောင့်နေခဲ့သည်။စုလေးအတွက်လည်း မြန်မာဝမ်းဆက်တစ်စုံကို မာမားကိုယ်တိုင်ချုပ်ပေးလိုက်သေးသည်။မိစုလေးမှာ ပျော်လို့မဆုံးတော့ပင်။

နှစ်နှစ်အင်္ကျီများထည့်လို့ပြီးလျှင် ဦးလတ်အိမ်နောက်ဘက်တွင်ရှိသော သနပ်ခါးပင်လေးအောက်သို့လျှောက်လာခဲ့သည်။မိုးရာသီကုန်သွားပြီမို့ အပွင့်ကတော့သိပ်မပွင့်တော့ပေ။တစ်ခတ်နှစ်ခတ်လောက်သာ ကျန်တော့သည်။နှစ်နှစ်က သနပ်ခါးပန်းပင်လေးအားကြည့်ပြီး နှစ်နှစ်ရှိုက်ရှိုက်ပြုံးလိုက်သည်။ဒီနေရာလေးက နှစ်နှစ်နဲ့ကိုကို့ရဲ့ ရင်ခုန်စရာအချစ်ဗိမ္မာန်လေး။နှစ်နှစ်တို့အမြဲတွေ့နေကျနေရာလေး။

ပင်လောင်းကပြန်လာပြီးလျှင်တော့ မာမားကိုဖွင့်ပြောလိုက်တော့မည်ဟုနှစ်နှစ်တွေးမိလိုက်သည်။ကိုကိုကတောင် ကိုကို့ရဲ့အဖေကို အသိပေးပြီးပြီပဲ။နှစ်နှစ်ကလည်း မာမားကိုပြောရမှာပေါ့။မာမားသဘောမတူလျှင်တော့လည်း

"လင်နောက်လိုက်သွားလိုက်မယ် ပြီးရင်လည်းမာမားကသဘောပြန်တူမှာပဲ"

နှစ်နှစ်က ကိုယ့်အတွေးနှင့်ကိုယ် ခေါင်းငြိမ့်လိုက်သည်။မာမားကသဘောတူမှာပါ။

..................................................................

မင်းသွေးသစ်မှာ လုပ်လက်စအလုပ်တွေကို အမြန်လက်စသတ်နေရသည်။ဒီနေ့ပင်လောင်းကိုသွားဖို့ပြောထားသည်မို့ သူ့ကလေးလေးကသူနှင့်ကိုလတ်ကို ပြန်မလာသေးဘူးလားဟု ဖုန်းတဂွမ်ဂွမ်ဆက်နေလေပြီ။တစ်နာရီလောက်အမြန်လုပ်ပြီးသောအခါ အလုပ်လည်းအားလုံးပြီးသွားတော့သည်။အဖေ့ကိုဖုန်းဆက်ပြီး ကုမ္မဏီသို့ကိုကျော်မိုးကို သုံးရက်လောက်တာဝန်ယူခိုင်းထားရသည်။ဦးနိုင်မြတ်ကိုတော့ အသိပေးရုံသာပေးခဲ့လိုက်သည်။

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now