part-18(U)

7.9K 425 12
                                    

နှစ်နှစ်နှင့်စုလေးသည် ကုန်တိုက်တစ်ခုထဲတွင်ရောက်ရှိနေသည်။စုလေးက အလှပြင်ပစ္စည်းတွေလာဝယ်တာဖြစ်ပြီး နှစ်နှစ်ကအဖော်လိုက်ပေးခြင်းပင်ဖြစ်သည်။

စုလေးကဝယ်စရာရှိတာဝယ်နေသည်မို့ နှစ်နှစ်ကဘေးမှပစ္စည်းများကိုလိုက်ကြည့်နေသည်။ထိုစဥ်တွင် နှစ်နှစ်ရဲ့အာရုဏ်ကို ရေမွှေးပုလင်းလေးတစ်ခုက ဖမ်းစားသွားသည်။စျေးကိုကြည့်လိုက်တော့ နှစ်နှစ်တက်နိုင်သည့်စျေးမို့ဝယ်ရန်ဆုံးဖြတ်လိုက်သည်။

ရေမွှေးအနံ့က သနပ်ခါးပန်းရနံ့မို့ နှစ်နှစ်ကကိုကို့အတွက်ရည်ရွယ်ပြီး ဝယ်ရန်ဖြစ်သည်။ရေမွှေးပုလင်းကိုလှမ်းကိုင်လိုက်ရုံရှိသေး ထိုရေမွှေးပုလင်းကိုပဲ အခြားတစ်ယောက်ကလည်းလှမ်းကိုင်လိုက်သည်။နှစ်နှစ်ထိုလက်ပိုင်ရှင်ကိုကြည့်လိုက်သည်။

မျက်နှာကတော့ ချောသည့်ထဲတွင်ပါသည်။အရပ်ကတော့ နှစ်နှစ်ထက်ရှည်ပြီး နှစ်နှစ်ထက်လည်းအသက်ကြီးပုံပေါ်သည်။

"ဒီကအကိုရဲ့ နှစ်နှစ်ဒီရေမွှေးကိုဝယ်မှာ"

လွန်းမြတ်သာ ရှေ့မှသူ့ကိုပြောနေသောအကောင်ပေါက်လေးကိုကြည့်လိုက်သည်။အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်းလေးနှင့် ချစ်စဖွယ်ပါပဲ။မကောင်းတာက သူနှင့်ရေမွှေးတစ်ပုလင်းကိုလုနေရခြင်းပင်။

"ကိုယ်လည်း ဒီရေမွှေးကိုဝယ်မလို့လေ"

"နှစ်နှစ်လည်းဝယ်မလို့ ကိုင်ထားတာလေ"

"ကိုယ်လည်းဝယ်မလို့ ကိုင်ထားတာပဲလေ"

သူတို့နှစ်ယောက် စကားပြောနေစဥ် သူတို့ဘေးသို့အရောင်းဝန်ထမ်းမလေးရောက်လာသည်။

"ဘာများကူညီပေးရမလဲရှင်"

"ဒီရေမွှေးဘူး ဒီတံဆိပ်နဲ့ဒီလိုအနံ့လိုမျိုးရှိသေးလား"

လွန်းမြတ်သာအရောင်းဝန်ထမ်းမလေးကိုမေးလိုက်သည်။ဟိုကလေးကတော့ ရေမွှေးဘူးကိုမလွှတ်ပဲ ကိုင်ထားမြဲပင်ဖြစ်သည်။

"အားနာလိုက်တာရှင် ဒီအနံ့နဲ့ရေမွှေးက ဒီတစ်ပုလင်းပဲရှိတော့တယ်"

"ဒုက္ခပါပဲ ကျွန်တော်ကဒီရေမွှေးကိုသဘောကျနေတာ"

အရောင်းဝန်ထမ်းမလေးက သူတို့နှစ်ယောက်ကိုကြည့်ပြီးအခက်တွေ့နေသည်။သို့သော် ဝယ်သူနှစ်ဦးကိုယှဥ်ကြည့်လိုက်သည့်အခါ တစ်ဖက်ကလူလတ်ပိုင်းအရွယ်ဖြစ်နေပြီး တစ်ဖက်ကကလေးသာသာမို့ လူလတ်ပိုင်းအရွယ်အမျိုးသားကို ရောင်းပေးရန်ဆုံးဖြတ်လိုက်သည်။

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now