part-3(U)

10.8K 595 8
                                    

မင်းသွေးသစ်ထောင်ထဲရောက်နေသည်မှာ တစ်နှစ်ကျော်ပင်ရှိနေလေပြီ။သူ၏ဖြူသောအသားအရည်မှာလည်း နေလောင်ရသည်များ၍ညိုတဲ့ဘက်သို့တဖြည်းဖြည်းကူးပြောင်းလာလေသည်။

"ကိုသစ် မအိပ်သေးဘူးလား "

"ကျွန်တော် မအိပ်ချင်သေးပါဘူး "

"မအိပ်ချင်သေးရင် စကားပြောကြမယ်လေကွာ"

"ဟုတ်တယ်ဟေ့ မနက်ကျရင်လပြည့်နေမို့တို့အလုပ်လုပ်စရာမလိုတော့ဘူး"

တစ်ယောက်တစ်ပေါက်ဖြင့်ဝိုင်းဖွဲ့လာကြသော စကားဝိုင်းလေးသည် တဖြည်းဖြည်းနှင့်စည်ကားလာလေသည်။ညစောင့်တပ်သားသည်လည်း စကားများနေသောသူတို့ကိုတစ်ချက်မျှသာကြည့်ပြီး ပြန်အိပ်ပျော်သွားလေသည်။

မင်းသွေးသစ်ထောင်ထဲရောက်နေသည်မှာ ကြာပြီဖြစ်နေသော်လည်းမည်သူမျှသူ့အား ထောင်ဝင်စာလာမတွေ့ကြပါချေ။မေမေလည်းသူ့အား လာမတွေ့သလို သူငယ်ချင်းများသည်လည်းတစ်ဦးမျှလာမတွေ့ကြပါချေ။သူ၏သူငယ်ချင်းများသည် သူသူဌေးသားဘဝတွင်တုန်းက သူ့အားအလွန်ခင်မင်ကြလေသည်။ထိုသို့ခင်မင်ရခြင်းအကြောင်းရင်းကို သူအခုမှပင်နားလည်လာခဲ့သည်။

သူ၏သူငယ်ချင်းများသည်သူ့အားစိတ်ရင်းနှင့်ခင်ကြသည်မဟုတ်ဘဲ သူ့ကိုကပ်ဖား၍ပေါင်းသင်းကြခြင်းပင်ဖြစ်သည်။မိတ်ဆွေစစ်ကို ဒုက္ခရောက်သောအချိန်မှာသာတွေ့မြင်နိုင်သည်ဟူသောစကားသည် အလွန်ပင်မှန်ပါသည်။သူထောင်ထဲတွင်နေနေစဥ်အတွင်း ထောင်သားများနှင့်ထောင်မှူးသည် သူ့ကိုအလွန်ပင်ဂရုတစိုက်ရှိလှသည်။အထူးသဖြင့်ကိုလတ်သည် သူ့အားညီငယ်လေးတစ်ယောက်ပမာ စောင့်ရှောက်ပေးသည်။

"ကိုသစ်"

"ခင်ဗျာ"

"မင်းထောင်ကျရတဲ့အကြောင်းအရင်းကို ပြောပြချင်လား"

"မဒိန်းမှုနဲ့လူသက်ရန်ကြံစည်မှုလေ အကိုတို့မသိဘူးလား"

"ဒီမှာကောင်လေးရ ငါတို့ကလူမိုက်သာလုပ်နေတာဘယ်တော့မှမယုတ်မာဘူး မင်းကိုကြည့်ရတာလည်းလူဆိုးရုပ်တောင်မပေါက်တာ လူယုတ်မာဖြစ်ဖို့ဆိုတာအဝေးကြီးဘဲ ငါတို့ကလူကဲခတ်အဲ့လောက်မညံ့ပါဘူးကွ"

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now