part-22(U)

7.5K 340 8
                                    

M&N ကုမ္မဏီ

စင်စစ်M&Nကုမ္မဏီမှာ အစကတော့ ဦးမင်းသစ်နှင့်ဒေါ်ခက်ခက်နွယ်တို့ပိုင်သော ကုမ္မဏီပင်ဖြစ်သည်။ယခုတွင်တော့ M&Nကုမ္မဏီကို ဦးနိုင်မြတ်ကလက်ဝါးကြီးအုပ်ထားလေသည်။ကုမ္မဏီ၏စီးပွားရေးမှာ အစကကောင်းခဲ့သော်လည်း ယခုတွင်တော့ ဒေဝါလီခံရလုနီးပါးဖြစ်နေပြီဖြစ်သည်။

ဦးနိုင်မြတ်မှာ ကုမ္မဏီ၏စီးပွားရေးအတွက် Kingကုမ္မဏီနှင့်ပူးပေါင်းလိုသောကြောင့် Kingကုမ္မဏီ၏သူဌေးနှင့်တွေ့ဆုံနိုင်ရန် စားသောက်ဆိုင်တွင်ချိန်းထားသည်။Kingကုမ္မဏီ၏သူဌေးကို မည်သူမျှမမြင်ဖူးပေ။လျှို့ဝှက်လွန်းသောကြောင့် သတင်းထောက်များသည်လည်း Kingကုမ္မဏီ၏သတင်းကို အတွင်းကျကျမသိကြပေ။ဦးနိုင်မြတ်မှာ Kingကုမ္မဏီ၏သူဌေးနှင့် တွေ့ရမည်အထင်ဖြင့် သူ့ကိုယ်သူပင်ဂုဏ်ယူလျှက်ရှိနေသည်။

ဦးနိုင်မြတ်၏ကုမ္မဏီမှာ အောက်ဆုံးသို့ထိုးရောက်နေပြီဖြစ်သည်။ကုမ္မဏီက၏projectများကို ဘယ်ကမှန်းမသိသည့် ကုမ္မဏီကလိုက်လုဝယ်သည်။ဝယ်သူကိုလည်း မသိရပေ။ကုမ္မဏီနှင့်လက်တွဲထားသော တခြားကုမ္မဏီများသည်လည်း ဦးနိုင်မြတ်၏ကုမ္မဏီနှင့်အလုပ်တွဲမလုပ်တော့ပေ။ထို့ကြောင့် ဦးနိုင်မြတ်သည်လောလောဆယ်တွင်နာမည်ရနေသော Kingကုမ္မဏီနှင့်ပူးပေါင်းရန် ကမ်းလှမ်းခဲ့သည်။အစကတော့ အများကြီးမမျှော်လင့်ထားသော်ငြား Kingကုမ္မဏီက လက်ခံလိုက်သောကြောင့် ဦးနိုင်မြတ်ဝမ်းသာခဲ့သည်။

သူတွေးနေတုန်းမှာပင် သူ့ဆီသို့လူတစ်ယောက်လျှောက်လာသည်။ထိုသူမှာ Kingကုမ္မဏီ၏သူဌေးဖြစ်မည်ဟုထင်ကာ ဦးနိုင်မြတ်ထ၍ကြိုဆိုလိုက်သည်။

"ဒီက လူကြီးမင်းက ဦးနိုင်မြတ်ထင်တယ်"

"ဟုတ်ပါတယ်ဗျာ ဒီကKingကာမ္မဏီရဲ့ သူဌေးလားဗျ"

"မဟုတ်ဘူးဗျ ကျွန်တော်ကသူဌေးရဲ့လက်ထောက် ကျော်မိုးပါ"

ဦးနိုင်မြတ်မှာ သူဌေးကိုယ်တိုင်လာတာမဟုတ်သည်ကြောင့် စိတ်ပျက်သွားရသော်လည်း မတက်နိုင်ပေ။အခုအချိန်မှာ Kingကုမ္မဏီ၏လက်ထောက်ကပင် သူ့ထက်ရာထူးအာဏာပိုရှိနေသည်လေ။

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now