part-26(U)

7.7K 338 20
                                    

"နှစ်နှစ်ရေ ဒီနေ့နင့်ကိုကိုကုမ္မဏီကိုလိုက်သွားကြမလား"

"ဖြစ်ပါ့မလား စုလေးကလည်း"

စုလေးက နှစ်နှစ်ကိုကြည့်လိုက်သည်။သူ့ကိုကိုက ဒီလောက်ချောပြီးတော်နေတာကို မိန်းကလေးတွေဝိုင်းဝိုင်းလည်နေမှာပေါ့။နှစ်နှစ်ကာကာတို့များ နည်းနည်းလေးတောင်စိတ်မပူဘူးလား။စုလေးသာဆို ဦးကိုစိတ်ပူနေမှာ။

ဦးအကြောင်းတွေးမိပြီးမှ အရင်နေ့ကမြင်ခဲ့ရသော မြင်ကွင်းကိုပြန်မြင်ယောင်မိသည်။ဦးနဲ့အဲ့ဒီမိန်းကလေးက အတွဲတွေနေမှာပေါ့။တော်လိုက်စမ်း! နန်းစုလေးနွယ်။ပိုင်ရှင်ရှိတဲ့အမျိုးသားကို စွဲလန်းမိနေတာတော်လိုက်တော့။ဟင့် crushတွေမကောင်းဘူး။

နှစ်နှစ်မှာစကားပြောနေရင်း ငြိမ်ကျသွားသောစုလေးကြောင့် ဘေးသို့အသာစောင်းငဲ့ကြည့်လိုက်သည်။နှစ်နှစ်သတိထားမိသလောက် စုလေးကဦးလတ်အကြောင်းသိပ်မပြောတော့ပေ။

သူတို့နှစ်ယောက်သား ငြိမ်နေတုန်းမှာပင် သူတို့နားသို့မိ​န်းကလေးတစ်ယောက် ရောက်လာသည်။

"နန်းစုလေးနွယ် ကျောင်းရှေ့မှာနင့်ကိုအကိုနှစ်ယောက်လာရှာတယ်"

မိန်းကလေးကစုလေးတို့အတန်းထဲမှဖြစ်သောကြောင့် စုလေးကိုလာပြောပေးတာဖြစ်သည်။စုလေးက ထိုမိန်းကလေးနှင့်မခင်ပေမယ့် မျက်မှန်းတန်းမိနေသည်။

"ဟုတ်လား ငါသွားလိုက်ဦးမယ် ကျေးဇူးနော် ယွန်း"

"ရတယ် ရတယ်"

ယွန်းကပြောပြီးတာနှင့် သူတို့နှစ်ယောက်အား ပြုံးပြ၍ထွက်သွားတော့သည်။

"နှစ်နှစ်လိုက်ခဲ့မလား ငါသွားကြည့်မလို့"

"ဘယ်သူတွေမှန်းမသိပဲနဲ့ သွားမလို့လား"

"ငါ့အကိုတွေဖြစ်မှာပါဟ "

"သြော် သွားလိုက်လေ ငါအတန်းထဲကိုခဏပြန်ပြီးရင်လိုက်ခဲ့မယ် ဒီနေ့အတန်းမရှိတော့ဘူး"

"နင့်ကိုကို ကုမ္မဏီကိုသွားကြမယ်နော်"

နှစ်နှစ် စုလေးကိုမျက်လုံးလှန်ကြည့်လိုက်သည်။ဘာလို့များ ဒီလောက်တောင်တက်ကြွနေရတာလဲ။

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now