part-21(U)

7.9K 380 20
                                    

ဦးမင်းသစ်မှာသူ၏ရုံးခန်းထဲတွင်အလုပ်လုပ်နေရင်း ပိုးဒါလီမှတွေ့ခွင့်တောင်းသည်ဟု ကျော်မိုးကလာပြော၍ ပိုးဒါလီကိုအထဲဝင်ခဲ့ရန်ပြောလိုက်သည်။ပိုးဒါလီက ရှယ်ယာရှင်ကိုလှတင့်ရဲ့သမီးဖြစ်သည်။သူနဲ့တွေ့ချင်ရလောက်တဲ့အထိ ဘာကိစ္စများရှိနေလို့ပါလိမ့်။

"အန်ကယ်"

"အော လာလေ သမီး"

"ဟုတ်ကဲ့ ရှင့်"

ပိုးဒါလီမှာ ကိုသွေးနှင့်နှစ်နှစ်ကာကာဆိုတဲ့ကောင်လေးအကြောင်း ဦးမင်းသစ်ကိုလာပြောခြင်းပင်။မစားရတဲ့အမဲ သဲနဲ့ပတ်တယ်လို့ ပြောချင်လည်းပြောကြပါစေတော့။

"ဘာကိစ္စရှိလို့ အန်ကယ်နဲ့တွေ့ချင်ရတာလည်း"

"ဒီလိုပါအန်ကယ် ပိုးဘယ်ကနေစပြောရမှန်းတောင်မသိတော့ပါဘူး"

"ပြောတက်သလိုပဲ ပြောလိုက်ပါ"

"ဒီလိုပါအန်ကယ် ကိုသွေးကကောင်လေးတစ်ယောက်နဲ့ချစ်သူဖြစ်နေတယ်လို့သိရပါတယ် အဲ့ဒါ"

"အော် အဲ့ဒါလား သားကနှစ်နှစ်ဆိုတဲ့ကလေးနဲ့ချစ်သူဖြစ်နေတာလေ ကောင်လေးကလဲတကယ်ချစ်စရာလေးပါ အော် ဒါနဲ့သမီးကိုမေးကြည့်ရအုံးမယ် သူတို့နှစ်ယောက်မင်္ဂလာဆောင်ရင် ဘာလက်ဖွဲ့ရင်ကောင်းမလဲ"

"ရှင်"

ပိုးဒါလီတကယ်ကို ဆွံ့အသွားရလေပြီ။ဘယ်လိုတွေတောင်မှလဲ။အခြောက်တွေကို အားပေးနေကြတာ။တကယ့်ကိုရွံစရာ။

"အန်ကယ်အဆင်ပြေတာသာ ပေးလိုက်ပါ ပိုးကိုခွင့်ပြုပါအုံးနော်"

"ပြောစရာရှိလို့ဆို ဟဲ့..ကလေးမ အော် ဘာမှလည်းပြောမသွားဘူး"

ဦးမင်းသစ်မှာ အပြင်ကိုပြေးထွက်သွားသည့် ပိုးဒါလီကိုကြည့်ပြီး နားမလည်နိုင်ဖြစ်ရသည်။သူမပဲပြောစရာရှိလို့ဆိုပြီး ဘာမှလည်းပြောမသွားဘူး။ထားပါလေ။သားတို့မင်္ဂလာဆောင်ရင် ဘာပေးရမလဲ ကျော်မိုးကိုမေးကြည့်အုံးမှ။

..................................................................

နှစ်နှစ်တို့အိမ်၏ထမင်းဝိုင်းတွင် လူစုံတက်စုံရှိနေသည်။ညနေစာစားနေကြခြင်းဖြစ်သည်။

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now