part-9(U)

8.7K 549 32
                                    

ဆောင်းလေအေးအေးလေးက ဝေ့ကနဲတိုက်လိုက်သည်မို့ စောင်ပုံထဲရှိကောင်လေးသည်စောင်ကိုလည်ပင်းနားအထိဆွဲယူလိုက်သည်။ထိုကောင်လေးကိုထိုင်ကြည့်နေသော ဘေးမှအမျိုးသားသည်လည်းတစ်ချက်ပြုံးမိသွားသည်။ဘာကောင်လေးလဲမသိဘူး။

ကောင်လေးအိပ်နေသောပုံစံသည် ချစ်စရာကောင်းနေသော်လည်း အိပ်ယာမှနှိုးရတော့မည်ဖြစ်သည်။မဟုတ်လျှင်တော့ သူလည်းအလုပ်နောက်ကျ ကလေးလည်းကျောင်းနောက်ကျပေတော့မည်။

"နှစ်နှစ်ရေ ထတော့လေကျောင်းသွားရမယ်မလား "

"အင်း...ဟင်း."

အင်းကနဲညည်းသံလေးပြုပြီးဟိုဘက်သို့ပြန်လှည့်သွားလေသည်။နှစ်နှစ်ကဒီနေ့မှအိပ်ယာထနောက်ကျနေခြင်းပင်။အရင်နေ့များကသူ့ကိုလာနှိုးနေကြဖြစ်သောကောင်လေးက ဒီနေ့တွင်တော့သူမဟုတ်သည့်အတိုင်းအိပ်ယာထဲတွင်ကွေးနေလေသည်။

"နှစ်နှစ်...ကလေးလေး..နှစ်နှစ်ရေ ထတော့လေကွာ နောက်ကျနေပြီ"

"ဟင်"

အခုမှပြူးပြူးပြာပြာနှင့် မျက်လုံးပွင့်လာသောကောင်လေးသည် အရင်မထသေးဘဲ အခန်းထဲတွင်ဟိုကြည့်ဒီကြည့်ကြည့်နေလေသည်။

"ကိုကို နှစ်နှစ်ကဘာလို့ဒီမှာနိုးလာတာလဲဟင်"

"ဟောဗျာ..နှစ်နှစ်ကညတုန်းကဒီမှာအိပ်လို့ ဒီမှာနိုးလာတာပေါ့ကွ နှစ်နှစ်ညတုန်းကစာကျက်နေရင်းအိပ်ပျော်သွားလို့ ကိုကိုအခန်းထဲရွှေ့သိပ်ပေးထားတာ ကဲ..ရပြီလား"

"ဟီး..ဟုတ်ကဲ့ကိုကို"

"ထတော့..ထတော့ နှစ်နှစ်ကျောင်းသွားရမယ် ကိုကိုလည်းအလုပ်သွားရမယ်"

"ဟုတ်ကဲ့ ကိုကို"

နှစ်နှစ်သည် ကိုကို့အိပ်ယာထဲမှထလာပြီး နှစ်နှစ်အိမ်သို့ထွက်လာခဲ့သည်။အနည်းငယ်နီမြန်းနေသော နှစ်နှစ်ရဲ့မျက်နှာလေးကိုတော့နှစ်နှစ်ဘာသာမသိချင်ယောင်ဆောင်လိုက်သည်။ကိုကိုကညတုန်းကနှစ်နှစ်ကို မင်းသမီးလေးလိုပွေ့ချီသွားတာပေါ့။

ထိုစဥ်အခန်းထဲမှာကျန်နေခဲ့သည့် မင်းသွေးသစ်မှာလည်းခေါင်းထွက်သွားသောကောင်လေးကိုကြည့်ပြီးအသည်းတယားယားနှင့် လက်ထဲကခေါင်းအုံးကိုထုနေလေရဲ့။ထိုနေ့က နှစ်နှစ်ကမျက်နှာလေးရဲနေခဲ့ပြီး မင်းသွေးသစ်ကတော့တစ်နေ့လုံးပြုံးနေခဲ့လေသည်။

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now