part-24(U)

7.2K 359 17
                                    

ဦးနိုင်မြတ်၏ကုမ္မဏီတွင် CEOအသစ်ကိုကြိုဆိုဖို့ ပြင်ဆင်နေကြသည်။ကုမ္မဏီသို့ မြလွန်းနွယ်နှင့်လွန်းမြတ်သာပါ လိုက်လာခဲ့သည်။မြလွန်းနွယ်က ကုမ္မဏီ၏CEOရာထူးကို တခြားသူကိုပေးလိုက်ရသောကြောင့် မကျေနပ်သော်လည်း ဘာမှတော့မပြောပေ။သူမမှာ ပြောပိုင်ခွင့်လည်းမရှိ။သူမက ဦးနိုင်မြတ်ကြိုးဆွဲရာကနေရသည့် နယ်ရုပ်လေးတစ်ရုပ်ပင်ဖြစ်နေလေပြီ။

လွန်းမြတ်သာမှာ ကုမ္မဏီသို့လိုက်လာရသော်လည်း စိတ်မပါပေ။အမဖြစ်သူ မြလွန်းနွယ်ကအတင်းခေါ်လို့သာလိုက်လာရခြင်းဖြစ်သည်။အထူးသဖြင့် ဒီကုမ္မဏီသို့လာရတာကို သူမသတီပေ။ကိုကိုတို့မိသားစုအတွက် မတရားဘူးဟုထင်မိသည်။

ဦးနိုင်မြတ်က ကုမ္မဏီမှဝန်ထမ်းများကို ကြီးကြပ်လုပ်ကိုင်နေသည်။ဝန်ထမ်းများမှာ အလှဆင်သူကဆင် အစားအသောက်အတွက် တာဝန်ယူသူကယူနှင့် ကိုယ်စီအလုပ်ရှုပ်လျှက်ရှိနေကြသည်။

"CEOအသစ်က မလာသေးဘူးလား ကိုကြီး"

"လာတော့မှာပါ ဒီအချိန်ကကား​ကျပ်တယ်လေ"

ပြောသာပြောရသည်။သူတို့စောင့်နေသည်မှာ တစ်နာရီကျော် နှစ်နာရီနီးပါး ရှိတော့မည်။CEOဆိုသူက ရောက်မလာသေးပေ။စိတ်ထဲတွင်မကျေနပ်ပေမယ့် မတက်နိုင်ပေ။ဒီအချိန်မှာ သူတို့ကKing၏ အကူအညီကိုအများကြီးယူရမှာမလား။

နာရီဝက်လောက် ထပ်စောင့်ပြီးသောအခါ ကုမ္မဏီရှေ့သို့ နောက်ဆုံးပေါ်ကားတစ်စီးထိုးရပ်လာသည်။သေချာပေါက် CEOအသစ်၏ကားပင်ဖြစ်သည်။ဦးနိုင်မြတ် ပြာပြာသလဲပင် ကားအနားသို့သွားလိုက်သည်။သို့သော် ကားပေါ်မှဆင်းလာသည့်သူကြောင့် အံ့သြသွားရသည်။

"မင်း...မင်းသွေးသစ် မင်းကဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ"

ဦးနိုင်မြတ်၏အပြောကြောင့် မင်းသွေးသစ်မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။မြလွန်းနွယ်မှာလည်း အလွန်အံ့သြပြီး ပါးစပ်အဟောင်းသားနှင့် သူ့ကိုကြည့်နေသည်။

"ကျွန်တော်က Kingကုမ္မဏီကလွှတ်လိုက်တဲ့ CEOပါ"

"ငါသဘောမတူနိုင်ဘူး "

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now