part-7(U)

9.3K 528 28
                                    

အုတ်ဂူအဖြူလေးပေါ်တွင်နေရာယူထားသော အမည်နာမသည်ကား ဒေါ်ခက်ခက်နွယ် အသက်(၅၂)ဟူ၍ပင်။သေချာပေါက်မေမေ့ရဲ့ အုတ်ဂူပေါ့။မေမေဆုံးသွားတာကိုသူမသိခဲ့ရသလို မေမေ့၏နောက်ဆုံးထွက်သက်တွင်လည်း သူရှိမနေခဲ့ပေးရချေ။

အုတ်ဂူလေးကိုဖွဖွလေးသုတ်ရင်းကနေ မေမေ့ကိုတောင်းပန်စကားဆိုမိသည်။မေမေသည်သူ့အားမည်သို့မျှမယုံစေအုံးတော့ မေမေဟာသူ့မေမေဘဲဖြစ်သည်။ငိုချင်ပေမယ့်မျက်ရည်ကကျမလာပေ ။ငိုချင်တာကိုမျက်ရည်ကျမလာသောကြောင့် သူ၏မျက်လုံးများပင်နီရဲနေလေပြီ။

နောက်ဆုံးအနေနှင့်မေမေ့ရဲ့အုတ်ဂူလေးကိုကန်တော့လိုက်သည်။မြလွန်းနွယ်ဆိုသောအမျိုးသမီးကိုမကျေနပ်သလို သူ၏ပထွေးဖြစ်သောဦးနိုင်မြတ်ကိုလည်း မကျေနပ်နိုင်ပါ။သို့သော်ယခုအချိန်တွင် သူ့မှာဘာအင်အားမှရှိမနေပေ။ငွေကြေးအင်အားလည်းမရှိပါ။သူကြိုးစားရအုံးမည်။ပြီးလျှင်တော့ သူ့ဘဝကိုဇောက်ထိုးမိုးမျှော်ဖြစ်အောင်လုပ်ခဲ့သော ထိုသူနှစ်ယောက်အားပြန်၍ကလဲ့စားချေမည်။

မင်းသွေးသစ်အိမ်သို့ပြန်ရောက်သောအခါ ညနေ၆နာရီပင်ရှိပြီဖြစ်သည်။စကားပြောချင်စိတ်မရှိသည်ကြောင့် ကိုလတ်ကိုလည်းဘာမှမပြောသေးဘဲ အိမ်နောက်ရှိသနပ်ခါးပင်အောက်သို့သာဝင်ထိုင်နေလိုက်သည်။ကိုလတ်သည်လည်းသူ့အားဘာမှမမေးဘဲ နှုတ်ဆိတ်၍သာနေပေးသည်။

အချိန်တွေဘယ်လိုကုန်သွားမှန်းပင်မသိလိုက်။သူ၏ကိုယ်ပေါ်သို့ အနွေးထည်လေးတစ်ထည်ကျရောက်လာမှပတ်ဝန်းကျင်ကိုသတိပြုမိသည်။အပြင်မှာမှောင်တောင်မှောင်နေပြီ။သူ၏ကိုယ်ပေါ်သို့ အနွေးထည်ကျရောက်အောင်လုပ်ပေးသော တရားခံလေးကတော့ သူ့အားမျက်လုံးဝိုင်းလေးတွေနှင့်ကြည့်နေပြီး သူနှင့်အကြည့်ချင်းဆုံသောအခါ ပြုံးပြလာလေသည်။

"ကိုကိုအေးနေမှာစိုးလို့ နှစ်နှစ်ကအနွေးထည်ယူလာပေးတာ"

"နှစ်နှစ်ဘယ်အချိန်တည်းကရောက်နေတာလဲ"

"စောစောလေးကမှပါ ကိုကိုရဲ့ ကိုကိုကဘာတွေတွေးနေတာလဲဟင် ကိုကိုပြန်ရောက်တည်းကမျက်နှာမကောင်းဘူးလို့ဦးလတ်ကပြောတယ် ကိုကိုစိတ်ညစ်စရာတွေရှိနေတာလားဟင် နှစ်နှစ်ကိုပြောပြပါလား ကိုကို့နားမှာနှစ်နှစ်ရှိနေတယ်လေ"

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now