part-2(U)

12.7K 648 20
                                    

မင်းသွေးသစ်သည် တာဝန်ကျရဲသားနှစ်ယောက် ခေါ်ဆောင်ရာသို့လိုက်လာခဲ့ပေမယ့် သူ၏စိတ်ထဲတွင်တော့မေမေ့ကို စိတ်ပူနေလေသည်။တာဝန်ကျရဲသားနှစ်ယောက်သည် တစ်နေရာသို့ရောက်သောအခါ ဆက်၍မသွားတော့ဘဲရပ်လိုက်ကြသည်။

"ထောင်မှူး ဒီတစ်ယောက်က ဒီနေ့မှ အမိန့်ချပြီးတဲ့တစ်ယောက်"

"ဘာအမှုလဲ"

"မုဒိန်းမှုနဲ့ လူသတ်ရန်ကြံစည်မှု"

"ရုပ်လေးကြည့်ရတာ အဲ့လိုလုပ်မယ့်ပုံလို့မထင်ရဘူး"

ရဲသားနှစ်ယောက်သည် စားပွဲတစ်ခုတွင်ထိုင်နေသော လူတစ်ယောက်ကိုစကားပြောနေကြခြင်းပင်။ထိုလူက ထောင်မှူးဟုလည်းသိလိုက်ရသည်။

"ရပြီ မင်းတို့သွားလိုက်တော့"

"ဟုတ်ကဲ့ "

ရဲသားနှစ်ယောက်ထွက်သွားသည်နှင့် ထောင်မှူးဆိုသူသည် သူ့နားကိုလျှောက်လာသည်။မင်းသွေးသစ်သည် အိမ်မှာနေခဲ့စဥ်အတွင်း ပင်ပန်းသည့်အလုပ်ကို နည်းနည်းလေးမှပင်မလုပ်ခဲ့ဖူးပေ။ထို့အတူ သူသည်လူဆိုးလူမိုက်များကိုလည်း ရုပ်ရှင်ထဲ၌သာမြင်ခဲ့ဖူးသည်။ထို့ကြောင့် အသားမည်းမည်း ဝဝတုတ်တုတ်နှင့် ထောင်မှူးကို သူလန့်နေမိသည်။

ထောင်မှူးမှာ အံဆွဲထဲကတစ်စုံတစ်ခုကိုလည်း ယူခဲ့သေးသည်။မင်းသွေးသစ်ကြားဖူးသည်။ ထောင်ထဲတွင်အသစ်ရောက်လာသောသူများကို ထောင်မှူးများကနှိပ်စက်တတ်သည်။ထို့အတူ ထောင်ထဲတွင်အရင်ရောက်နေသော ထောင်သားများကလည်း နှိပ်စက်ကြသည်ဟုကြားဖူးသည်။

"ချလောက်"

"ဟင်"

"ငါ့ကိုလန့်နေသလား ကောင်လေး"

"မဟုတ်... ပါဘူး"

သူသည်လေးပင်စွာနှင့်ပင် ပြန်ပြောလိုက်သည်။ထောင်မှူးသည်သူ့ကို တစ်ခုခုလုပ်မည်ဟုထင်ထားသော်လည်း သူထင်ထားသလိုမဟုတ်ပေ။သူ့လက်က လက်ထိပ်ကိုသာဖြုတ်ပေးခြင်းဖြစ်သည်။အံ့ဆွဲထဲက ယူလာသောပစ္စည်းသည် လက်ထိပ်ဖြုတ်ရန်သော့ပင်ဖြစ်သည်။

"ငါက နည်းနည်းလန့်ချင်စရာကောင်းနေပေမယ့် မင်းတို့ထင်သလို လူဆိုကြီးတော့ဟုတ်မနေဘူး ဒါနဲ့မင်းကငယ်ငယ်လေးရှိသေးတာပဲ တကယ်နှမြောစရာ"

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now