part-13(U)

8.4K 460 42
                                    

နှစ်နှစ်တို့တက္ကသိုလ်ဝင်စာမေးပွဲ စဖြေရမည့်နေ့ဖြစ်သည်။မာမားကသပြေခတ်လေးယူလာပြီး နှစ်နှစ်ကိုပေးလေသည်။

"နှစ်နှစ် ဒီသပြေခတ်လေးကို အင်္ကျီအိတ်ကပ်ထဲထည့်ထား လက်ပေးအုံး လက်ဖွဲ့ကြိုးလေးချည်ပေးရအောင်"

"ဟုတ်ကဲ့ မာမား"

နှစ်နှစ်သည် မာမားပြောသမျှကိုနားထောင်နေရသော်လည်း စိတ်ကတော့မာမားဆီတွင်ရှိမနေပါ။မနက်တည်းက ကိုကို့ကိုမတွေ့ရသောကြောင့်ပင်။ဦးလတ်ကိုမေးကြည့်တော့ ကိုကိုကမနက်အစောကြီးတည်းက အလုပ်သွားပြီဟုဆိုသည်။ကိုကိုကနှစ်နှစ်စာမေးပွဲဖြေတာတောင် နှစ်နှစ်ကိုဂရုမစိုက်ဘူး။

"နှစ်နှစ် ကောင်းကောင်းဖြေခဲ့နော် fighting "

"ဟုတ်ကဲ့ ဦးလတ်"

"ဦးလတ်ကကျောင်းကိုလိုက်ပို့ပေးချင်ပါတယ် ကုမ္မဏီမှာဧည့်သည်တစ်ယောက်နဲ့projectတစ်ခု ဆွေးနွေးစရာရှိလို့"

"ဟုတ်ကဲ့ဦးလတ် ရပါတယ် နှစ်နှစ်နားလည်ပါတယ်"

"အင်း..အင်း စာမေးပွဲကောင်းကောင်းဖြေခဲ့နော် ဦးလတ်သွားတော့မယ်"

"ဟုတ်ကဲ့ ဦးလတ်"

နှစ်နှစ်ကျောင်းသွားချိန်နီးလာသည်အထိ ကိုကိုကရောက်မလာပါ။ဟွန့် ကိုကို့ကိုစိတ်ဆိုးတယ်။

"နှစ်နှစ်ရေ ကျောင်းသွားရအောင်လေ"

"ဟုတ်ကဲ့ မာမား"

နှစ်နှစ်တို့ကျောင်းသွားရန် ခြံရှေ့သို့အရောက်တွင် နှစ်နှစ်တို့ဘေးကိုရပ်လာသည်က နက်စွေးနေသည့် အဆင့်မြင့်ကားတစ်စီး။ထို့နောက်တွင် ကားပေါ်မှဆင်းလာသည်က ကိုကို။.

"ကိုကို"

"နှစ်နှစ် တောင်းပန်ပါတယ်နော် ကိုကိုကားသွားယူနေလို့ နောက်ကျသွားတာ"

"ကိုကို ဒီကားကြီးကဘယ်ကရလာတာလဲဟင်"

"ကိုကို့သူဌေးငှားလိုက်တာလေ သူဌေးရဲ့ကားပေါ့"

သူဌေးကတက္ကသိုလ်ဝင်စာမေးပွဲနီးလာသောအခါ မင်းသွေးသစ်အားခေါ်ပြီး သူ့ကားယူသုံးရန်ပြောလေသည်။အစတုန်းကတော့ သူနားမလည်ပေမယ့် မင်းအိမ်ကကလေးအတွက် ကျောင်းအကြိုအပို့လုပ်ပေးလိုက်လေဟုပြောမှ သဘောပေါက်သည်။အစတုန်းကတော့ ငြင်းသေးပေမယ့် သူဌေးကအတင်းယူခိုင်းသည်ကတစ်ကြောင်း၊ ကလေးကိုကားနှင့်အကြိုအပို့လည်းလုပ်ပေးချင်သည်ကြောင့် လက်ခံလိုက်သည်။သူဌေးကသာ့အတွက်တော့ တကယ့်ဦးမာဃပင်ဖြစ်သည်။

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now