part-4(U)

10.1K 593 20
                                    

အချိန်တွေသည်တရွေ့ရွေ့နှင့်ကုန်ဆုံးလာလေသည်။မင်းသွေးသစ်ထောင်ထဲတွင်ရောက်နေသည်မှာလည်း သုံးနှစ်ပင်ပြည့်တော့မည်ဖြစ်သည်။သုံးနှစ်အတွင်းတွင်သူ့ဆီကို မည်သူမျှထောင်ဝင်စာလာတွေ့ခြင်းမရှိသည်မို့ သူသည်လည်းအားလုံးကို လျစ်လျူရှုခဲ့လိုက်သည်။

မင်းသွေးသစ်၏အသားရည်သည် အရင်ချိန်တုန်းကအသားဖြူသူဖြစ်ခဲ့သော်လည်း ယခုအခါတွင်တော့နေလောင်ပါများ၍ အသားညိုလာပြီဖြစ်သည်။ထောင်ထဲတွင်နေ့စဥ်အလုပ်လုပ်နေရသောကြောင့် သူ၏ခန္ဓာကိုယ်သည်လည်း ကြွက်သားများတောင့်တင်းကာ အချိုးဆစ်ကျနေသည်။

နေ့လည်ခင်းထမင်းစားနားချိန်ဖြစ်သောကြောင့် ထောင်သားများနေ့လည်စာစားနေကြသည်။ထိုအချိန်တွင် ထောင်မှူးဝင်လာပြီး သူတို့အတွက်သတင်းကောင်းတစ်ခုပြောလေသည်။

"ကဲ ခင်ဗျားတို့အတွက်သတင်းကောင်းရှိတယ်ဗျာ"

သူတို့အားလုံးထောင်မှူးကိုကြည့်လိုက်ကြသည်။အားလုံးရဲ့မျက်နှာတွေမှာ မျှော်လင့်ချက်ရောင်ခြည်လေးတွေဖြင့်ပင်။

"ခင်ဗျားတို့အားလုံး လွတ်ငြိမ်းချမ်းသာခွင်နှင့်ထောင်ကထွက်လို့ရပြီတဲ့ဗျာ"

"ဗျာ " "တကယ်လား "

"ရေး" "ဟုတ်ပြီကွ"

တစ်ယောက်တစ်ခွန်းစကားသံများသည် ထမင်းစားခန်းလေးတွင်စည်သွားတော့သည်။ယောက်ျားတွေအတွက်အပျော်ဆုံးအချိန် သုံးချိန်ရှိလေသည်။ထိုသည်တို့မှာ ၁။ရှင်လိင်ပြန်သောနေ့ ၂။မိန်းမယူသောနေ့ ၃။ထောင်ကထွက်သောနေ့ဟူ၍ ဖြစ်သည်။ယခုထောင်ကထွက်ရမည်ဆိုသောအခါ ထိုယောက်ျားသားတို့ပျော်ကြသည်မှာ အလွန်တော့မဟုတ်ပေ။

...............................

မင်းသွေးသစ်နှင့်ကိုလတ်သည် ထောင်မှူးရှေ့သို့ရောက်နေကြလေသည်။ထောင်မှူးကတော့သူတို့နှစ်ယောက်ကိုကြည့်၍ ပြုံး၍သာနေလေသည်။

"ထောင်မှူးကိုကျွန်တော်တို့ ကန်တော့ချင်လို့ပါဗျာ ကျွန်တော်တို့ကိုအစစအရာရာကူညီပေးခဲ့တဲ့ထောင်မှူးကို ကျွန်တော်တို့တစ်သက်မမေ့ပါဘူး"

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now