part-16(U)

8.2K 455 31
                                    

ရုံးခန်းထဲရှိလေထုသည် ငြိမ်သက်လျက်ရှိသည်။မင်းသွေးသစ်ကခုံပေါ်တွင်ထိုင်နေပြီး သူဌေးကလည်းသူ့ရှေ့တွင်ငြိမ်၍ထိုင်နေသည်။ယခုထိ သူ့ကိုခေါ်ရသည့်အကြောင်းအရင်းကို သေချာမပြောသေးပေ။မင်းသွေးသစ်ကစကားစပေးရန် ပါစပ်ဟလိုက်စဥ်

"အဟမ်း.အဟမ်း ကိုသစ်ကိုခေါ်ရတဲ့အကြောင်းက အန်ကယ်လျှို့ဝှက်ထားတဲ့ကိစ္စလေးပြောချင်လို့ အန်ကယ်ပြောပြနေစဥ်အတွင်းမှာ ကိုသစ်ကစိတ်အေးအေးထားပြီးနားထောင်ပေးပါ"

"ဟုတ်ကဲ့ သူဌေး"

"အရင်ဆုံးအန်ကယ့်နာမည်က ဦးမင်းမဟုတ်ဘူး ဦးမင်းသစ်"

မင်သွေးသစ်၏မျက်လုံးများ အနည်းငယ်ပြူးကျယ်သွားသည်။မဟုတ်ပါစေနဲ့လို့ဆုတောင်းနေပေမယ့် သူဌေး၏နောက်ဆက်တွဲစကားလုံးတွေကြားမှာ သူ၏ဆုတောင်းမှုကအရာမထင်တော့။

"ကိုသစ်ထင်သလိုပါဘဲ အန်ကယ်ကကိုသစ်ရဲ့အဖေပါ"

"မနောက်ပါနဲ့သူဌေး ကျွန်တော်သူဌေးကိုမမုန်းချင်ဘူး"

"လက်ခံဖို့ခက်ခဲနေတာသိပေမယ့် အဖေကမင်းရဲ့အဖေပါ သားရယ်"

"လက်ခံဖို့ခက်ခဲနေတာမဟုတ်ဘူး လက်ကိုမခံချင်တာဗျ သိရဲ့လား လက်ကိုမခံချင်တာ"

"အဖေတောင်းပန်ပါတယ် သားရယ် ဒီအတိုင်းပစ်ထားခဲ့မိလို့"

"မေမေ့ကိုသွားတောင်ပန်ရမှာလေ အခုမေမေဆုံးသွားပြီဆိုတာရော ခင်ဗျားသိလား"

"သိပါတယ် အဖေသိပါတယ်သားရယ် သားအခုအဖေပြောတာကိုအရင်နားထောင်ပေးပါ အဖေဘာလို့သားအမေနဲ့ကွာရှင်းခဲ့ရတယ် သာတို့ငိုထားခဲ့ရလဲဆိုတာ အဖေပြောပြပါ့မယ်"

မင်းသွေးသစ်ဘာမှပြန်မပြောပါ။ဦးမင်းသစ်က ဖြစ်ကြောင်းကုန်စဥ်ကိုပြောပြလေသည်။

ဦးမင်းသစ်နှင့်ဒေါ်ခက်ခက်နွယ်သည် အလွန်ကိုစိတ်ရင်းကောင်းသော လင်မယားဖြစ်သည်။တစ်နေ့သူတို့နှစ်ယောက် ကားမောင်းလာစဥ်အတွင်း လူတစ်ယောက်ကိုဝိုင်းရိုက်နေသည်ကြောင့် ဦးမင်းသစ်ကဝင်၍ကူညီပေးခဲ့သည်။ထိုသူကတော့ ဦးနိုင်မြတ်ပင်။

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now