part-14(U)

8.2K 454 29
                                    

ကစားကွင်းကပြန်လာပြီးသောနောက်တွင် နှစ်နှစ်လည်းလျှောက်လည်ရလို့ပင်ပန်းသွားသည်ထင်သည်။သူ့အခန်းလေးထဲဝင်ပြီး တန်းအိပ်သွားသည်။မာမားကတော့

"ဟိုကလေးလေး..ရောက်ရောက်ချင်းအိပ်တော့တာဘဲ နေမကောင်းဖြစ်တော့မှာဘဲ"

မာမားဘယ်လိုပင်ပြောနေသော်လည်း နှစ်နှစ်ကမျက်လုံးဖွင့်၍ပင်မရတော့ပါ။မသိတော့ဘူး နှစ်နှစ်အရမ်းအိပ်ချင်နေပြီ။

"ဘာဖြစ်လို့လဲ အန်တီထွေး"

"အမလေး ကိုသစ်ရေ နှစ်နှစ်ပေါ့ပြန်ရောက်ရောက်ချင်း အခန်းထဲဝင်ပြီးသွားအိပ်တယ် ညနေစောင်းနေပြီကို နေမကောင်းဖြစ်မှာစိုးလို့ပြောနေတာ စကားကိုနားမထောင်ဘူး"

"ကျွန်တော်ပြောကြည့်လိုက်ပါ့မယ်"

"အေး..ကြည့်ပြောပါအုံးဟယ် အဲ့ကလေးကအရမ်းဆိုးနေတာ"

မင်းသွေးသစ်လည်း နှစ်နှစ်ဝယ်လာသည့်မုန့်တွေကို ခုံပေါ်သွားတင်လိုက်ပြီး နှစ်နှစ်အခန်းထဲသို့ဝင်ခဲ့လိုက်သည်။အခန်းထဲသို့ရောက်သောအခါ နှစ်နှစ်မှာ မှောက်ခုံလေးမှောက်ပြီးအိပ်နေလေသည်။ဒီကလေးကတော့လေ ရင်ဘက်တွေနာကုန်မှဖြင့်

"နှစ်နှစ်ရေ ညနေစောင်းနေပြီကို မအိပ်နဲ့တော့လေ အိပ်ရင်နေမကောင်းဖြစ်လိမ့်မယ်"

"အင်း..ဟင်း"

"နှစ်နှစ်ရေ ကလေးလေးကလိမ္မာပါတယ်ကွာ ထတော့နော် မအိပ်တော့နဲ့လေ"

"ကိုကိုကလဲ နှစ်နှစ်အိပ်ချင်နေတယ်လို့"

စကားသာပြန်ပြောနေတာ မျက်လုံးကဖွင့်မလာပေ။နှုတ်ခမ်းလေးထော်ပြီး ပြန်ပြောနေပုံကအသည်းယားချင်စရာ။ထော်နေတဲ့နှုတ်ခမ်းလေးကိုဆွဲနမ်းလိုက်ရရင်ဖြင့်တော့။ဒီကလေးက သူ့ရဲ့သမာဓိကိုလာစမ်းနေသလားမှတ်ရတယ်။

"ကလေးလေး အရင်ဆုံးထအုံး မျက်လုံးဖွင့်ကြည့်"

"ထပြီ..ထပြီး ဟွန့် ကိုကိုလူဆိုးကြီး နှစ်နှစ်အိပ်ချင်ပါတယ်ဆို အူးဝါး...ဗြဲ..အီးဟီး"

ဟောဗျာ ဒီကလေးကအိပ်ရေးမဝရင် ငိုတတ်တဲ့အကျင့်ရှိတာလား။ချော့ပေအုံးတော့ မင်းသွေးသစ်ရေ။နှစ်နှစ်မှာ ငိုထားတဲ့မျက်လုံးတွေကို လက်ဖြင့်ပွတ်နေသည်မို့ အမြန်တားလိုက်ရသည်။မျက်လုံးတွေနာကုန်မှဖြင့် ဒီကကောင်ကြီးရင်ကျိုးရချည်ရဲ့။

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now