part-5(U)

10.8K 619 19
                                    

"ကိုကို"

ကြားဖူးသလိုရှိနေသောအသံလေးကို ကြားလိုက်ရသည်မို့သူခေါင်းထောင်၍ အသံလာရာသို့ကြည့်လိုက်မိသည်။အဖြူအစိမ်းကျောင်းဝတ်စုံလေနှင့်ကလေးက သူ့ကိုပြုံးပြနေလေသည်။ဆောင်းရာသီ၏အအေးသည် ထိုကောင်လေး၏အေးချမ်းမှုကိုအံမတုနိုင်ဟု သူတွေးလိုက်မိသေးသည်။ကောင်လေးမှာ တကယ်အေးချမ်းလိုက်ပါဘိ။

"ကိုကို ဟုတ်တယ်မလားကိုကို နှစ်နှစ်ကိုမှတ်မိလားဟင်"

ထိုကောင်လေးဆီမှထပ်မံအသံကြားလိုက်ရသည်။ကောင်​လေးကိုမြင်ဖူးသလိုရှိပေမယ့် ရုတ်တရက်စဥ်းစားလို့မရပေ။

"ဆောရီးနော်ကောင်လေး ကိုယ်မင်းကိုမမှတ်မိဘူး"

"ဟွန့် ကိုကိုကလဲနှစ်နှစ်က ကိုကို့ကိုရဲစခန်းမှာသကြားလုံးကျွေးဖူးတယ်လေ"

မင်းသွေးသစ်သိလိုက်ပါပြီ ။သူ့ကိုသကြားလုံးကျွေးဖူးသည့်ကလေးကို သုံးနှစ်အတွင်းဒီကလေးထွာလာတာတော့အမှန်ပင်။

"မှတ်မိပြီ မင်းကအဲ့တုန်းကသေးသေးလေးဘဲရှိသေးတာကိုကွ အခုတော့နည်းနည်းအရပ်ရှည်လာတယ်လေ ကိုယ်ကမမှတ်မိဘူးဖြစ်သွားတာ"

"အရပ်ရှည်လာတာပေါ့ နှစ်နှစ်ကလူကြီးဖြစ်နေပြီလေ ကိုကိုသိလားနှစ်နှစ်က ဆယ်တန်းကျောင်းသားကြီးဖြစ်နေပြီလေ"

"အဟွန်း ဟုတ်ပါပြီကွာ "

ကိုကိုသည်နှစ်နှစ်အားပြုံး၍ပြောလာသည်။ကိုကို့ပုံစံက ကလေးတစ်ယောက်ကိုအလိုလိုက်သည့်ပုံစံနှင့်တူနေသည်။ နှစ်နှစ်ကတကယ်ကိုလူကြီးဖြစ်နေတာပါနော်။

"ဒါနဲ့ မင်းကဒီကိုဘယ်လိုရောက်လာသလဲ"

"ဦးလတ်ကနှစ်နှစ်ရဲ့ဦးငယ်လေ မာမားရဲ့မောင်ဝမ်းကွဲလေ ဦးလတ်ထောင်ကထွက်လာပြီဆိုလို့နှစ်နှစ်ကကျောင်းဆင်းတာနဲ့ပြေးလာခဲ့တာလေ ကျူရှင်တောင်မသွားရဘူး ဒါနဲ့လေကိုကို နှစ်နှစ်နာမည်က နှစ်နှစ်ကာကာလေသိလား
ကိုကိုကနှစ်နှစ်ကိုနှစ်နှစ်လို့ဘဲခေါ်ပေါ့ မင်းလို့ပြောတာကိုနှစ်နှစ်ကမကြိုက်ပါဘူး"

"ဟုတ်ပါပြီကွာ ကိုယ်ကနှစ်နှစ်လို့ဘဲခေါ်ပါ့မယ် ဟုတ်ပြီလား"

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now