part-23(U)

7.6K 340 18
                                    

မင်းသွေးသစ်အိမ်ပြန်ရောက်တော့ နှစ်နှစ်ကသူ့ကိုစကားမပြောပေ။မင်းသွေးသစ်က နှစ်နှစ်အတွက်ဝယ်လာသောမုန့်များကိုသိမ်းလိုက်ပြီး ရေချိုးလိုက်သည်။ပြီးမှ နှစ်နှစ်ကိုစကားပြောရန် နှစ်နှစ်ဆီသို့သွားသော်လည်း နှစ်နှစ်မှာစာအုပ်ကြီးကိုင်ပြီး စာကျက်နေလေသည်။မင်းသွေးသစ်ကို စကားပြန်မပြောပေ။

မင်းသွေးသစ်မှာ အန်တီထွေးကရိပ်မိသွားမှာစိုးသည်ကြောင့် အတင်းအကျပ်လည်းမခေါ်ရဲ။နှစ်နှစ်နှင့်သူ့ရဲ့အကြောင်းကို အန်တီထွေးကမသိသေး​ေပ။ကိုလတ်ကပဲ သူတို့နှစ်ယောက်အကြောင်းကိုသိတာဖြစ်သည်။အန်တီထွေးကိုတော့ ဖွင့်မပြောရသေးပါ။ဖွင့်ပြောဖို့အတွက်လည်း အဆင်သင့်မဖြစ်သေးပါ။

အန်တီထွေးက သူတို့နှစ်ယောက်ကိုလက်မခံဘူးဟုဆိုလျှင် ရင်ကွဲရသူမှာ မင်းသွေးသစ်ပင်ဖြစ်သည်။သူ့ကလေးကလည်း အခုထိ သူ့ကိုစကားပြန်မပြောပေ။မင်းသွေးသစ် ကိုယ့်ကိုကိုယ်ပြန်စဥ်းစားသည်။စဥ်းစား၍မရပေ။

"သား ကိုသစ် ဘာလုပ်နေတာလဲ"

"နှစ်နှစ်ကို မုန့်ဝယ်လာပေးတာသွားပေးမလို့ အန်တီထွေး"

"သွားပေးလေ..သား နှစ်နှစ်ကအခန်းထဲမှာ အဲ့ကလေးကတံခါးချက်မချဘူး ဝင်သာသွားလိုက်"

"ဟုတ်ကဲ့ အန်တီထွေး"

ပထမတစ်ခေါက် နှစ်နှစ်ရဲ့အခန်းကိုဝင်ပြီးပြီ နှစ်နှစ်စာကျက်နေလို့ ပြန်ထွက်လာတာပါဟု သူပြန်မပြောမိတော့။ဘာဖြစ်လဲ အန်တီထွေးကိုယ်တိုင်က ဝင်ခိုင်းတာပဲ။ဝင်သွားလိုက်မှာပေါ့။သူ့ကလေးကို သူ့ကိုဘာလို့စကားမပြောရလဲဆိုတာ သေချာမေးရမည်။ဒါမှ သူချော့လို့ရမှာပင်။

"ကလေးလေး"

တံခါးဖွင့်ပြီးဝင်သွားတော့ သူ့ကလေးငယ်က ခုတင်ပေါ်တွင်ဖုန်းကြည့်နေသည်။သူ့ကိုလဲအဖက်မလုပ်ပေ။မင်းသွေးသစ် နှစ်နှစ်လက်ထဲကဖုန်းကို ဆွဲယူလိုက်သည်။

နှစ်နှစ်မှာဖုန်းကြည့်နေရင်း နှစ်နှစ်ရဲ့ဖုန်းကိုဆွဲယူသွားသောကိုကို့ကြောင့် ဘုကြည့်ကြည့်လိုက်သည်။နှစ်နှစ် ကိုကို့ကိုစိတ်ကောက်နေပါသည်။တခြားမိန်းကလေးတစ်ယောက်နှင့် တူတူထမင်းစားသည့်ကိုကို့ကို စိတ်ကောက်ပါသည်။ပြန်ရောက်တော့ ဖုန်းအားသွင်းပြီး ဖုန်းဖွင့်ကြည်တော့ ကိုကိုစာပို့ထားတာမြင်ပြီး စိတ်မကောက်တော့ပါ။

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now