part-12(U)

8.7K 493 22
                                    

နှစ်နှစ်သည် စာမေးပွဲမှာနီးလာပြီမို့ စာကိုဂရုတစိုက်ကျက်နေရသည်။မာမားနှင့်ဦးလတ်တို့ကလည်း နှစ်နှစ်ကိုဂရုတစိုက်ရှိနေကြသည်။အဆိုးဆုံးကတော့ ကိုကိုပင်ဖြစ်သည်။မာမားတို့ဦးလတ်တို့ထက်ပို၍ ကိုကိုကနှစ်နှစ်ကို အဖြစ်သည်းလျက်ရှိသည်။သို့သော် ကိုကိုနှစ်နှစ်ကိုဂရုစိုက်တာကိုတော့ နှစ်နှစ်သဘောကျပါသည်။

"ဟော..ဒီကလေး စာမကျက်ဘဲနဲ့ဘာတွေတွေးနေပြန်ပြီလဲ"

"စာတွေကအကုန်ရပြီးသားပါဆို မာမားကလဲ"

"ရပြီးသားတွေလည်း ခဏခဏပြန်ကျက်မှ မမေ့တော့မှာပေါ့"

"ဟုတ်ကဲ့ပါ မာမားရေ နှစ်နှစ်အခုစာကျက်တော့မယ်နော်"

စာမေးပွဲကတစ်ပတ်သာလိုတော့သည်ကြောင့် နှစ်နှစ်သည်ကျောင်းသို့မသွားတော့ဘဲ အိမ်မှာသာစာကျက်နေသည်။ကျူရှင်တွင်စာသွားကျက်လျှင်ရပါသော်လည်း လူများလျှင် စာကျက်ဖြစ်မှာမဟုတ်တာကြောင့် အိမ်တွင်သာ စာကျက်နေခြင်းဖြစ်သည်။

မာမားကလည်း သူမ၏အထည်ဆိုင်လေးကိုခဏတဖြုတ်သာသွားပြီး နှစ်နှစ်ကိုဂရုစိုက်ပေးသည်။ဦးလတ်နှင့်ကိုကိုကလည်း နှစ်နှစ်အတွက် အဟာရရှိမည့်အစားအစာတွေ ဝယ်လာခဲ့ပေးသည်။

"နှစ်နှစ်"

"ဟာ..ကိုကို ပြန်လာပြီလား"

"ဟုတ်တယ် ကိုကိုပြန်လာပြီ နှစ်နှစ်အတွက်ချောကလက်ဝယ်လာခဲ့တယ် နှစ်နှစ်ကြိုက်တယ်မလား"

"ကြိုက်တယ် ကိုကို"

ကိုကိုကနှစ်နှစ်အတွက် ဝယ်လာသောချောကလက်များကို ထုတ်ပေးသည်။နှစ်နှစ်စားဖို့အတွက်ချန်ပြီး ကျန်တာများကိုရေခဲသေတ္တာထဲသွားထည့်လေသည်။ရုံးယူနီဖောင်းမလဲရသေးသော ကိုကိုက အပေါ်ကအင်္ကျီအဖြူလက်ရှည်ကိုတံတောင်ဆစ်ထိခေါက်တင်ထားသည်။ကိုကို့ရဲ့အသားအရည်က ထောင်ကထွက်လာစဥ်တုန်းက နေလောင်ဒဏ်ကြောင့်ညိုနေသော်လည်း ယခုတွင်တော့ အသားဝါသည့်ဘက်သို့ပြောင်းလာပြီဖြစ်သည်။

"နှစ်နှစ်.. နှစ်နှစ်ရေ ကလေးလေး"

"ဟင်..ကိုကို ဘာပြောလိုက်တာလဲဟင်"

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now