part-28(U)

6.9K 319 13
                                    

မင်္ဂလာပွဲတစ်ခုလုံးကို ပန်းများဖြင့်အလှဆင်ထားသည်မှာ အလွန်ပင်လှပနေပြီး မြင်ရသူများအဖို့ စိတ်ကိုကြည်လင်လန်းဆန်းစေသည်မှာအမှန်ပင်။မိုင်းရှန်ရဲ့ ဆန္ဒအရမင်္ဂလာပွဲတွင်ပန်းများကို လိုသည်ထက်ပို၍ထည့်သုံးထားခြင်းပင်။အကြောင်းမှာအမွန်းက ပန်းအရမ်းကြိုက်တတ်သူဖြစ်သောကြောင့် ပန်းများကိုသုံးစေခြင်းပင်။

စင်ပေါ်မှာ ဘိတ်သိတ်ဆရာက သတို့သားနှစ်ယောက်အား ဘိတ်သိတ်သွင်းပေးနေပြီး သတို့သားနှစ်ယောက်ကတော့ ငြိမ်သက်စွာပင်ထိုင်နေလျှက်ရှိသည်။သေချာကြည့်မည်ဆိုလျှင် မိုင်းရှန်ရဲ့မျက်ဝန်းများထဲတွင် မျက်ရည်စများကိုပင်တွေ့ရအုံးမည်ဖြစ်သည်။

ထိုမျက်ရည်များက ဝမ်းသာလို့ကျသည့်မျက်ရည်များသာဖြစ်ကြောင်းကိုတော့ ကာယကံရှင်အပါအဝင် အခြားသူများလည်းသိနိုင်ပါသည်။ ဒီကလေးကိုနှစ်ဘဝကြီးများတောင် ချစ်ခဲ့ရတာဟု သိလိုက်ရချိန်တုန်းက လူကအသက်ရှူတွေတောင်မဝခဲ့သလိုဖြစ်ခဲ့ရသည်က အမှန်ပါပဲလေ။ကံကောင်းလို့ အရင်ဘဝမှာသေကွဲ ကွဲခဲ့ကြပေမယ့် ဒီဘဝမှာပြန်ဆုံသည်မဟုတ်လား။

သတို့သားနှစ်ယောက်က အဖြူရောက်တိုက်ပုံနှင့်အဖြူရောင်လုံချည်(ပုဆိုး)ကိုဆင်တူ ဝတ်ဆင်ထားသည်။မိုင်းရှန်အမွန်းရဲ့လက်ကလေးကို အသာဖွဖွလေးဆုပ်ကိုင်ယူလိုက်ပြီး နှာခေါင်းနှင့်ထိကပ်ယုံမျှလေးနမ်းလိုက်သည်။သံသယာအဆက်ဆက်မှာ ဒီလက်လေးကိုသာတွဲချင်ပါသည်။

စင်အောက်မှဧည့်ပရိတ်သတ်များ၏ လက်ခုပ်သြဘာသံများက ဆူညံသွားသည်။စုလေးက သူမရဲ့အကိုကိုကြည့်ပြီး မျက်ရည်ဝဲနေသည့်ကြားမှ ပြုံးလိုက်သည်။အကိုမိုင်းရှန်နှင့်သူမနှင့်က မတည့်ပေမယ့် သူမအကိုကသူမကိုသိပ်ချစ်သည်ဆိုတာကိုတော့ သူမသိပါသည်။

"ဟယ် စုလေးရယ် ဘာလို့ငိုနေရတာလဲ "

ဘေးမှနှစ်နှစ်၏အသံကြားမှ စုလေးသတိပြန်ဝင်တော့သည်။သတိမထားမိခင် ကျနေသောမျက်ရည်တွေကို လက်နဲ့ပွတ်ဆွဲပြီးသုတ်လိုက်သည်။

"ငါအရမ်းပျော်လွန်းလို့ပါ နှစ်နှစ်ရယ်"

ဝမ်းနည်းနေသည့်စုလေးကို နှစ်နှစ်ကနှစ်သိမ့်ပေးရန် အသာလေးပွေ့ဖက်ပေးမည်ဟုကြံစည်ကာ စုလေးရဲ့ခေါင်းလေးကို နှစ်နှစ်ရဲ့ပုခုံးဆီသို့ အသာတင်ရန်းလုပ်နေဥ်မှာပင် စုလေးကနှစ်နှစ်ရဲ့လက်ကိုရှောင်လိုက်ကာ ဦးလတ်ရဲ့လက်မောင်းကိုနှဖူးနဲ့တိုက်ပြီး သွားပြောနေသည်က

ရင်မှ နှစ်နှစ်ကာကာ[Completed] Where stories live. Discover now