I Adore You
~~~~~~~~~~~
Part - 1
~~~~~~
" အို မေမီရယ် မပေါ့မပါးကြီးနဲ့ "" ရပါတယ် ရတီရယ် မေမီ ဘာမှမဖြစ်ပါဘူးသား
လေးကို တွေ့ချင်လွန်းလို့ ညကတည်းက အိပ်လို့
တောင်မပျော်ဘူးရယ် "" အဲ့လိုသာကြည့်တော့ ရတီနဲ့စိုင်းနောင်ရေ "
" အို ကိုကလည်း မေက သားလေးကိုလိုချင်လို့ပါဆို "
ဦးမင်းထွဠ်လည်း သူ့ဇနီးဖြစ်သူ မြတ်မေမီ စကားကြောင့် ပြုံးမိလိုက်သည်
ခဏကြာတော့ သူတို့လည်း ရတီလှိုင်ရဲ့သားလေးနိုးလာတာကြောင့် ကလေးကိုချော့မြူလို့နေလိုက်သည်
" အား......အား......ကို မေ့ မေ့ဗိုက် နာလာပြီ "
ဆေးရုံခန်းထဲမှာရှိတဲ့ သူတို့ ၃ယောက်လည်း ရုတ်တရက်ဘာလုပ်ရမလဲမသိဘူး ဖြစ်သွားကြသည်
ခဏကြာတော့ ရတီလှိုင်သတိပေးမှပဲ မွေးခန်းထဲကို အပြေးအလွှားသွားရသည်
၂နာရီကြာသော်အခါ
~~~~~~~~~~~~~~~" မောင် မေမီ ဘာလေးမွေးလဲ "
" သမီးလေး မွေးတယ် ရတီ "
" အို ရတီတော့ ဝမ်းသာတာပဲ မေရော အခြေအနေကောင်းရဲ့လား "
" မေမီက အခုအကုန်အဆင်ပြေပါပြီ ညနေကျ မောင်တို့ သွားကြည့်ကြမယ်နော် "
" အင်း မောင် "
ရတီလှိုင်လည်း တရက်တည်းမွေးလာတဲ့ သားလေးနဲ့သမီးလေးရဲ့ အနာဂတ်ကိုတွေးပြီး အိပ်မက်ကမ္ဘာထဲသို့ ရောက်သွားတော့တယ်
......" သမီးလေးက ချစ်ဖို့ကောင်းလိုက်တာကွယ် သားလေးထက် နာရီပိုင်းလေးပဲနောက်ကျသွားတာ "
" ဟုတ်ပါ့ ရတီရယ် ကလေးတွေအဖော်ရှိတော့ ကောင်းတာပေါ့လေ "
" ရတီကတော့ သားလေးနဲ့သမီးလေးကို သဘောတူချင်နေပြီကွယ် "
" ဟယ်တော့ မေမီလည်း အဲ့လိုပဲတွေးထားတာ "
" ဒီတစ်ခါတော့ တို့ ၂ယောက်တူသွားပြီ "
" အဟင်း ဟင်း "
သူတို့ ၂ယောက်လည်း ပြိုင်တူရီမောလိုက်ကြတော့သည်

ESTÁS LEYENDO
I adore you ( Complete )
Romanceဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လေးက သူငယ်ချင်း ၂ယောက်ရဲ့ အကြောင်းကိုပဲ ဦးစားပေးရေးသားမှာပါနော်