THE INTRO

1.1K 17 0
                                    


ကြေးမုံပြင်အလား ကြည်လင်ရှင်းသန့်နေသည့် ရေပြင်ကြီးထက်ဝယ် ဆွတ်ဆွတ်ဖြူသော ကြာဖြူလေးမှာ ပနံသင့်စွာ တစ်ပွင့်တည်း ဖူးပွင့်နေသည်။ယင်းရေပြင်ကြီး၏ ပတ်ပတ်လည်တွင်တော့ မက်မွန်ပန်းပင်များက ဝေဝေဆာဆာ ပေါက်ရောက်လျက် ဝန်းရံလို့ထား၏။

တလက်လက် တောက်ပနေသော ကြယ်များက စိန်ပွင့်များကဲ့သို့ လှပနေကာ ညနက်ကောင်းကင်ကို လမင်းနှင့်အပြိုင် အလှဆင်လို့နေသည်။ရုတ်တရက် မှိန်ဖျော့ဖျော့ ကြယ်ကလေးတစ်လုံးထံမှ သာမန်ထက်ပိုသော တောက်ပနှုန်းမှာ အလွန်အမင်း ကြီးထွားလာပြီး ကောင်းကင်တစ်ခွင်အား ဖြာခနဲ လင်းလက်သွားစေ၏။

၎င်းနောက်တွင် ရောင်စဉ်(၇)ခုပါရှိသည့် သက်တန့်ရောင် အလင်းစက်လေး တစ်ခုမှာ ရေကန်ကြီးအလယ်ရှိ ကြာပွင့်ငယ်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် သက်ဆင်းလာခဲ့သည်။

မက်မွန်ပင်တို့မှ ပွင့်ဖတ်များက ရေကန်အနှံ့ ပျံ့လွင့်လာကာ မက်မွန်ပန်းရနံ့များဟာလည်း လှိုင်လှိုင် သင်းပျံ့လာ၏။တစ်ချိန်တည်းမှာပင် ပွင့်ဖတ်များက ကြာပွင့်ငယ်လေးကို ဗဟိုပြုလျက် လှည့်ပတ်လာကာ သက်တန့်ရောင် အလင်းစက်ကလေးမှာ ရေပြင်တစ်ဆုံး တစ်ဟုန်ချင်း ဖြာလဲ့သွားလေသည်။

ကြာပွင့်ပေါ်တွင် အလင်းစက်ကလေး အစား ဖြူဥနုဖက်နေသည့် ချစ်စဖွယ် ကလေးငယ်လေးကိုသာ တွေ့မြင်ရသည်။နှစ်လိုဖွယ် ကောင်းလှသည့် မျက်လုံးဝိုင်းလေးတွေက လရောင်အောက်တွင် တလက်လက် တောက်ပနေပြီး ပါးမို့မို့လေးက ပန်းရောင်ရဲနေသည်။

သာမန်ကလေးများကဲ့သို့ မည်သည့် ငိုသံမျှမပေး၊ ကောင်းကင်သို့ မော့ကြည့်ကာ သူ့ပေါ်ကျလာသည့် ပွင့်ဖတ်များကို လက်သေးသေးလေးများနှင့် ဖျစ်ဆုပ်၍ တခစ်ခစ် ရယ်နေ၏။အပြစ်ကင်းစင်သည့် ရယ်သံလွင်လွင်လေးများက နေရာအနှံ့ ဖုံးလွှမ်းသွားသည်။

မက်မွန်ပင်အောက်မှ လူတစ်ယောက်က ထိုအခြင်းအရာကို ကြည့်၍ ပီတိဖြစ်စွာ ပြုံးလိုက်သည်။ထိုလူက အနောက်မှ လက်ပါးစေ တစ်ယောက်အား တည်ငြိမ်စွာ မိန့်သံပေးလိုက်၏။

"နတ်သမီးအလျောင်းအလျာ မွေးဖွားလာခဲ့ပြီ၊ အုပ်ထိန်းသူ ရွေးချယ်ပွဲ အဆင်သင့်ပြင်ထားကြတော့"

To be continued....

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Where stories live. Discover now