Part 18

226 5 0
                                    

"အခုကော အဆင်ပြေသွားပြီလား.."

မျက်နှာသုတ်ပုဝါကို ကမ်းပေးရင်း ရှန်က စကားစလိုက်သည်။

"အင်း....ပြေပါပြီ"

အစောပိုင်းက အခြေအနေများအတွက် နေအဂ္ဂက သူမကိုအားနာနေပုံပင်။

"ကိုယ့်ကြောင့် ရှန်အများကြီးလန့်သွားမှာပဲ...."

သူမက တိတ်ဆိတ်နေရင်းမှ...

"ခုနက ဘာတွေဖြစ်နေတာလဲဟင်...ပုံမှန်မဟုတ်သလိုပဲ ကြည့်ရတာ"

"အမှန်တိုင်းပြောရရင် ကိုယ်လည်း သိပ်ပြီး မသေချာဘူး...ကိုယ်ထင်တာတော့ ထရစ်ဇ်ရဲ့ သံပုရာရည်ကို သောက်ပြီးကတည်းက အဲ့လိုဖြစ်သွားတာပဲ မနက်ဖြန်မှပဲ သူ့ကိုမေးကြည့်ရမယ်"

သူ့စကားကို ရှန်က ခေါင်းညိတ်ပြသည်။ထို့နောက် သူမက နှင်းလရောင် ပြောခဲ့သမျှ စကားများကို မခြွင်းမချန် ပြောပြလိုက်၏။

"ရှန်သိသွားပြီပဲ....ကိုယ့်မျိုးနွယ်စုကို"

"အင်း...."

"ကိုယ်တမင် ဖုံးကွယ်ချင်လို့ ဖုံးကွယ်ထားတာ မဟုတ်ပါဘူး...ရှန့်ကို တစ်ချိန်ကျရင် အမှန်တိုင်းပြောဖို့.."

သူမက အလျင်အမြန်ပဲ စကား ဖြတ်ပြောလိုက်သည်။

"ဟုတ်ပါပြီ..ရှန်နားလည်ပါတယ်..."

နေအဂ္ဂက သူမအား ပြုံးလျက် စောင်းငဲ့ကြည့်လာ၏။

"အဲ့ဆို နေအဂ္ဂက နတ်နဂါးမျိုးနွယ်စုကပေါ့နော်"

"အင်း"

"အဲ့ဒါကြောင့် မှော်အတတ်သုံးရင် သင်္ကေတက မီးဖြစ်နေတာပေါ့"

"အင်း"

သူက ရှန်မေးလာသမျှကို ပြုံးလျက်သာ ဖြေနေသည်။

"အဲ့ဒါဆို...နဂါးပုံပြောင်းပြ.."

"ဟမ်"

"နဂါးလေ......"

သူမစကားကြောင့် နေအဂ္ဂမျက်နှာ အရောင်ဖျော့သွားသည်။

"ကိုယ်ပြောင်းလို့မရဘူး...ကိုယ်ကသွေးနှောမို့လို့"

ရှန်က သူဆက်ပြောလာမည့် အကြောင်းအရာအချို့ကို ဂရုတစိုက် နားစွင့်နေ၏။

နတ်ဘုရားငယ်တို့ချစ်ပုံပြင်Tempat cerita menjadi hidup. Temukan sekarang